နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ်တွင် လုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

ဘရာဇီးလီယား၊ ဇန်နဝါရီ  ၁၅

ဘရာဇီးလ်နိုင်ငံ မြို့တော် ဘရာဇီးလီ ယားတွင် ဒီမိုကရေစီဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်မှုများ ထပ်မံဖြစ်လာနိုင်ခြင်း ကြောင့် လုံခြုံရေးဆိုင်ရာပြင်ဆင်မှုများကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်လုပ်ဆောင် နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက် ဆန္ဒထုတ်ဖော်သူများက အဆောက်အအုံ များကို ဝင်ရောက် ဖျက်ဆီးနေသဖြင့် ပင်မအဆောက်အအုံများနှင့် ဆက်စပ် ထားသည့်လမ်းများကို ပိတ်ဆို့မှုများ ပြုလုပ်နေပြီး   လူသွားလာမှုများကို လည်း  အတားအဆီးများ ချထားကြောင်း မြို့တော်လုံခြုံရေးတာဝန်ရှိသူက ပြော သည်။ 

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအတွက် သီးသန့်ထားရှိသည့်နေရာကို  ရဲတပ်ဖွဲ့ နှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များက ဝိုင်းရံထားမည်ဖြစ်ပြီး အဆိုပါသီးသန့် နေရာသို့ လာရောက်မည့် ဆန္ဒထုတ်ဖော် သူများ အားလုံးကိုလည်း ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ဆန္ဒပြမှုကို အားပေးကူညီပံ့ပိုး ခြင်းနှင့် ကိုယ်တိုင်ပါဝင်သည့် စီးပွားရေး လုပ်ငန်းများကို ဒဏ်ငွေရိုက်ခြင်း ၊ ဖမ်းဆီး ခြင်းများ ပြုလုပ်ရန်လည်း ညွှန်ကြားထား ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က သမ္မတ ဟောင်း ဘော်လ်ဆိုနာရို ထောက်ခံသူ များသည် ကွန်ဂရက်၊ တရားရုံးချုပ် နှင့် ဘရာဇီးလ် သမ္မတနန်းတော်ကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးမှုများပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

ရဲခေါင် (ref: Reuters)






အခြားဆက်စပ်သတင်းများ