နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင်အလုပ်လက်မဲ့ များလာပါက တိုင်းပြည်၏ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်နိုင်

ရန်ကုန် ဇွန် ၁၆


မြန်မာနိုင်ငံတွင် COVID-19 ကာလနှင့် Covid-19 အလွန်ကာလများတွင် အလုပ်လက်မဲ့ များလာပါကတိုင်းပြည်၏ ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေး ကပြောသည်။


"အလုပ်လက်မဲ့ များလာရင်တိုင်းပြည်ရဲ့ငြိမ်ဝပ်ပိပြားရေးကိုပါ ထိပါးလာတော့မယ်လေ။ စားဖို့ သောက်ဖို့၊ နေဖို့ထိုင်ဖို့တောင်ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ပြဿနာဖြစ်လာမယ်။ ဒါကတော့တခြားနိုင်ငံတွေမှာလည်းဒီလိုဖြစ်တာပဲ။ အမေရိကန်နိုင်ငံမှာကျန်းမာရေးပြဿနာတွေဖြစ်လာ ပြီးတဲ့နောက်ပိုင်းမှာလူမျိုးရေးပြဿနာပေါ်လာတဲ့အတွက် တိုင်းပြည်မှာလုတာယက်တာတွေအခုချိန်ထိ လူတို့ရဲ့အခြေခံက လောဘ ဒေါသမောဟပါ။ ဒီလောဘဒေါသမောဟတွေဖုံးနေတာကိုဝုန်းခနဲပေါ်လာတော့ နယူးယောက်တောင်မှ ပြဿနာတွေတက်တယ်။ လုတာယက်တာတွေပေါ်လာတယ်။ တခြားတခြားသောနိုင်ငံ တွေကဒီထက်ပိုဆိုး ဖို့ပဲရှိတယ်။ WHO တို့ အာဖရိကနိုင်ငံတို့ဆိုရင်ပျံ့မှာကိုကြောက်ပါတယ်။ ဒါကိုလူတွေက ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ အလုပ်လက်မဲ့တွေဖြစ်လာရင် တိုင်းပြည်ကငြိမ်ဝပ်ပိပြားရေးမှာ အန္တရာယ်ရှိတယ်။ ဒါလေး တွေကိုစုပေါင်းပြီးလုပ်ကြရမယ်"ဟုဒုတိယ ဥက္ကဌဒေါက်တာမောင်မောင်လေးကပြောသည်။


မြန်မာနိုင်ငံတွင်တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်ရုံပေါင်းရာနှင့်ချီရှိနေပြီး အလုပ်သမားဦးရေ မှာလည်း ၇ သိန်းကျော်ရှိနေကာ ရန်ကုန်ရှိ လှိုင်သာယာတွင်ပင် အလုပ်သမား ၅ သိန်းကျော်ရှိနေကြောင်း သိရသည်။ 


ယင်းအပြင် အထည်ချုပ်လုပ်ငန်းကိုမှီခိုနေသည့် အလုပ်သမားဦးရေမှာ ခြောက်သိန်းဖြစ်ပြီး ယင်း လုပ်ငန်းရပ်တန့်ပါက အလုပ်သမားခြောက်သိန်း အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း သိရသည်။


“အလုပ်လက်မဲ့ဦးရေကတော့ ၅၀ ရာခိုင်နှုန်းလောက်ဖြစ်သွားနိုင်တာသေချာတာပေါ့နော်။ လက်ရှိသိထား တယ့်စာရင်းအရဆိုရင် ခရီးသွားလုပ်ငန်းမှာ ၈ သိန်းလောက်အလုပ်အကိုင်ပေးထားတယ်။ ၅၀ ရာခိုင်နှုန်း အထိ အလုပ်လက်မဲ့ဖြစ်သွားမယ်ဆိုရင် လေးသိန်းလောက်အထိ ဆုံးရှုံးသွားနိုင်တဲ့သဘောရှိတယ်”ဟု           မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်ဟန်က ပြောသည်။


ကမ္ဘာ့ကပ်ရောဂါ Covid-19 ကာလအတွင်း ထိခိုက်မှုအကြီးမားဆုံးကြုံနေရသည့် ခရီးသွားကဏ္ဍတွင် လက်ရှိအခြေအနေအရ အလုပ်သမားဦးရေ ၅၀ ရာခိုင်နှုန်းအလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း သိရသည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ