နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ

မန္တလေး  ဇွန်  ၁၆


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှရထားစီးခရီးသည်များ အဆင်ပြေစေရေး နှင့်Covid-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇွန် ၁၆ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်း နှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ရန်ကုန်-မန္တလေး လမ်းပိုင်းအမှတ်(၅)အဆန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီတွင် ထွက်ခွာပြီး မန္တလေးသို့နောက်တစ်နေ့    နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၆)အစုန်ရထားသည် မန္တလေးမှ ညနေ၃နာရီ တွင်  ထွက်ခွာပြီး ရန်ကုန်သို့နောက်တစ်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်ရာ လမ်းခရီးတွင် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ခေတ္တရပ်တန့်ပေးမည်ဖြစ်သည်။


မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအမှတ်(၅၇)အဆန်ရထားသည် မန္တလေးမှ နံနက် ၈နာရီ၄၅မိနစ်တွင် ထွက်ခွာပြီး မြစ်ကြီးနားသို့နောက်တစ်နေ့ နံနက် ၄ နာရီတွင်ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၅၈) အစုန် ရထားသည် မြစ်ကြီးနားမှ ညနေ၄နာရီတွင်ထွက်ခွာပြီး  မန္တလေးသို့နောက်တစ်နေ့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး လမ်းခရီးတွင်ရွာထောင်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကိုးတောင်ဘို့၊ကောလင်း၊ ဝန်သို၊နန်းခမ်း၊မဲဇာ၊ အင်းတော်၊နဘား၊မော်လူး၊ နန့်စီအောင်၊မိုးညှင်း၊နန်းမား၊ဟိုပင်၊ပင်းဘော၊မင်းကုန်း၊ မိုးကောင်းနှင့်နမ့်မတီးဘူတာများတွင်ခေတ္တရပ်တန့်ပေးမည်ဖြစ်သည်။


  ပြောင်းလဲပေးဆွဲမည့်ရထားများတွင် Social Distancing ဖြစ်ရန် လူတစ်ဦးလျှင် ထိုင်ခုံနှစ်နေရာ လက်မှတ်(၁)စောင်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ရထားလက်မှတ်ခများမှာ ဈေးနှုန်းပြောင်းလဲခြင်းမရှိကြောင်း သိရသည်။       

                           
မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ