နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမကာသုံးစွဲမှု လျော့နည်းရေး ကြိုးပမ်းဆောင်ရွက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၂၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲသောက်သုံး ကြောင်းနှင့်  သန်း ၈၀ နီးပါးမှာ  အရက်ယမကာကြောင့်ဖြစ် သော ဝေဒနာများ ခံစားနေရသည်ဟု လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကို လျော့နည်းစေရေး ကျန်းမာရေးဝန်ကြီးဌာနက အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးများကို အရှိန်အဟုန်မြှင့် ရှာဖွေဖမ်းဆီး လျက်ရှိရာ ကချင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း ကျပ် ၁၈ ဘီလျံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး ယခင်နှစ်ထက် ကျပ်လေးဘီလျံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး တွင်လည်း အမြောက်အမြား ဖမ်းဆီးရမိနေသည်။

မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် အထင်ရှားဆုံးမြို့မှာ ရန်ကုန်မြို့ဖြစ်သည်။ ယခုအခါ နေထိုင်မှုပုံစံပြောင်းလဲမှုကို အကြောင်းအမျိုးမျိုးပြပြီး အရက်သောက်သုံးသူများ ပိုမိုများပြား လာ၏။ အသက်ငယ်ရွယ်သူများအပြင် မိန်းကလေးများလည်း သောက်သုံးလာကြသည့်အတွက် ယမကာအန္တရာယ်သည် တစ်နေ့ တခြား ကြီးမားလာသည်။ သောက်သုံးမှုရင့်လာသည့်အခါ မူးယစ် ဆေးဝါးများသုံးစွဲမှုကို ဦးတည်လာနိုင်ပေသည်။ သုံးစွဲရန် ဝန်မလေး ကြ။ လွယ်ကူစွာ ရရှိသုံးစွဲနေကြသည်။

ယမကာအရက်ကို မသောက်ရမနေနိုင်သည့် အရက်စွဲရောဂါ ခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာကိုယ်ထဲရှိ အင်္ဂါ အစိတ်အပိုင်းများ ပျက်စီးရပြီး နောက်ဆက်တွဲရောဂါပေါင်းစုံ ရရှိကာ အသည်းခြောက်ရောဂါခံစားရပြီး အသက်အန္တရာယ်ဖြစ်စေ သည်။

 မူးယစ်ဆေးဝါး သုံးစွဲသူများ၏ မူလအကြောင်းအရင်းတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အရက်ယမကာ သောက်သုံးမှုက အစပြုခြင်းဖြစ်ရာ အရက်ပမာဏ သောက်သုံးမှု လျော့နည်းကျဆင်းပြီး ကျန်းမာကြံ့ခိုင်သော လူမျိုးဖြစ်ရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် အရက်ယမကာသောက်သုံးမှု လျော့နည်းစေ ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်။

အရက်ယမကာသည် လူတို့ကို ကျန်းမာရေးထိခိုက်စေခြင်း၊ ကိုယ်ကျင့်သိက္ခာနှင့်  ပြစ်မှုကျူးလွန်မှုများကို  အလွယ်ကူဆုံး အလျှင်အမြန်ဆုံး ဖြစ်ပေါ်စေနိုင်သောကြောင့် အရက်အန္တရာယ် ဝိုင်းဝန်းကာကွယ်ရေး တိုက်တွန်းနှိုးဆော်ရပေသည်။      ။






အခြားဆက်စပ်သတင်းများ