နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်အတွင်း ငွေကျပ်သိန်း ၉၇ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင်လာသူများကို ဖမ်းဆီးရမိ

တာချီလိတ်  ဇွန်  ၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ငွေကျပ်သိန်း ပေါင်း ၉၇ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူများအား ဇွန် ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇွန် ၁၅ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၁၅ ရက် နံနက်၂နာရီ ၄၅မိနစ်ခန့်တွင် ဂျောပကျေးရွာနှင့် စန်းလုကျေးရွာချင်းဆက်တောလမ်းနေရာ၌ စောင့်ဆိုင်းနေစဉ် မိုင်းဆတ်-တာချီလိတ်လမ်းမကြီးမှ ဂျောပကျေးရွာဘက်သို့ လီကျာမောင်းနှင်လာသည့် Hilux အမျိုးအစား 1Q/ -------လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ကျဖူမောင်းနှင်လာပြီး မနာဖူလိုက်ပါစီးနင်း လာသည့်   Hilux   အမျိုးအစား 6E/---- လိုင်စင်မဲ့မော်တော်ယာဉ်တို့ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကျဖူမှာ ထွက်ပြေးသွားခဲ့ပြီး ကျဖူမောင်းနှင်သည့် မော်တော်ယာဉ်ကို စစ်ဆေးရာယာဉ်နောက်ခန်းအတွင်း မှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား၆၅ဝ၂ဝဝဝ ခန့် ၊ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၉၇၅ဝဝ ကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။


 အဆိုပါ မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။                                                 


ကျော်ဆန်းမြင့် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ