နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ခန္ဓာသန်စွမ်း စိတ်နှလုံးရွှင်လန်းစေဖို့

ရန်ကုန်   ဇွန်   ၁၆


ကျန်းမာပျော်ရွှင်သောဘဝတစ်ခုပိုင်ဆိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု(သို့မဟုတ်) လမ်းလျှောက်ခြင်းပြုလုပ်သင့်သည်။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရာတွင် အသက်ကြီးသူ၊ ငယ်သူ၊ အိုသူဟူ၍မရှိဘဲ ပြုလုပ်သူအရွယ်သုံးပါးလုံးကိုအကျိုးပြုကြောင်း၊ သွေးတိုးရောဂါခံစားနေရသူ အဘိုးအဘွား များကို နှလုံးသွေးကြောဆိုင်ရာကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခဲ့ရာ ကျန်းမာအသက်ရှည်လာကြောင်း ကျန်းမာရေးသုတေသီများ၏ထုတ်ဖော်မှုအသစ်တခုက ဆိုထားသည်။


အသက်အရွယ်ရလာချိန်တွင် လမ်းလျှောက်ခြင်းသည် အသက်ရှည်ဆေးတစ်ရပ်ပင်ဖြစ်ပြီး လမ်းလျှောက် ခြင်းသည် ကျန်းမာရေးကို အထောက်အကူများစွာဖြစ်စေနိုင်သည်ဟု ကျန်းမာရေးသုတေသီများက ထုတ်ဖော် ပြောကြားလျက်ရှိသည်။ ကိုယ်လက်လှုပ်ရှားမှုဖြစ်သောလမ်းလျှောက်ခြင်းကို နာရီဝက်ခန့်နေ့စဉ်လမ်းလျှောက် ခြင်းဖြင့် ကြွက်သားများကို သန်မာစေသည်။ အရိုးအဆစ်တို့ကို အားကောင်းစေသည်။ အဝလွန်ခြင်းသို့မဟုတ် မိမိရှိသင့်သည်ထက်ပို၍ ကိုယ်အလေးချိန်မြင့်တက်လာခြင်းကို လမ်းလျှောက်ခြင်းဖြင့် လျော့ကျစေနိုင်သည်။


မြို့ပြလူမှုဘဝပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာသည့်အခါ စိတ်ထွက်ပေါက်အဖြစ် လမ်းများများ လျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုပြေပျောက်သွားပြီး တက်ကြွရွှင်လန်း ကာ ခွန်အားသစ်များတိုးပွားလာမည်ဖြစ်သည်။ သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည်အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင် ဖြစ်ရာ သက်ရှည်ကျန်းမာစေရန်အတွက် လမ်းလျှောက်ခြင်းအလေ့အထကို ဂရုပြုဆောင်ရွက်သင့်သည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုအား ဆက်ထိန်းချုပ်ထားနိုင်ရန်အတွက် တတ်နိုင်သမျှ မိမိ နေအိမ်တွင်သာနေထိုင်ပြီး လူစုလူဝေးရှိရာနေရာများကို မလိုအပ်ပဲ(လုံးဝ)မသွားကြရန်၊

ပါးစပ်နှင့်နှာခေါင်း စည်း(Mask)ကို လူစုလူဝေးရှိရာနေရာများသို့သွားသည့်အခါတိုင်း တပ်ဆင်ကြရန်၊ အခြားသူများနှင့် တတ်နိုင် သမျှခပ်ခွာခွာနေထိုင်ရန် ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေအကွာမှနေထိုင်ပြောဆိုဆက်ဆံကြရန်၊ လက်ကိုရေ နှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် စနစ်တကျမကြာခဏဆေးကြောရန်(သို့မဟုတ်) လက်သန့် ဆေးရည်နှင့်ဆေးကြောကြရန် ကိုယ်တိုင်ကျင့်သုံးရန်သာမက မိသားစုဝင်များနှင့်အခြားသူများပါ လိုက်နာ ကျင့်သုံးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လက်ရှိတွင် မိမိတို့မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သော် လည်း ပေါ့ဆ၍မရဘဲ သတိပြုဆင်ခြင်လိုက်နာဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ