နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်

ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုဦးရေ သည် အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားနေသည်။ မြန်မာနိုင်ငံတွင် လည်း သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးတက်လာသည်။

အဘိုး၊ အဘွားများ၏ ဘဝရှေ့ရေးသာယာချမ်းမြေ့မှုကို စောင့်ရှောက်ကာကွယ် ကူညီတတ်သည့် မြန်မာတို့၏လူနေမှု ဓလေ့စရိုက် အစဉ်အလာများ၊ သက်ကြီးရွယ်အိုများကို အလေးထား ကူညီစောင့်ရှောက်မှုများသည် မွန်မြတ်သော ပရဟိတလုပ်ငန်းများ ဖြစ်သည်။

အဘိုး၊ အဘွား၊ မိဘများနှင့် သား၊ သမီး၊ မြေး၊ မြစ်များ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ခြင်း၊ အဘိုး၊ အဘွား မိဘတို့ကို သား၊ သမီး၊ မြေး၊ မြစ်များက ရိုသေလေးစားခြင်း၊ ကျေးဇူးရှင်များ အဖြစ် ဦးထိပ်ပန်ဆင်ခြင်း၊ သားသမီးဝတ်ငါးပါးနှင့် အညီ ကျေးဇူး ဆပ်ခြင်း၊ ပြန်လည်ပြုစုစောင့်ရှောက်ခြင်း စသည့် ဓလေ့စရိုက်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကြားတွင် ချစ်စရာဓလေ့ စရိုက်အဖြစ် ယ‌နေ့တိုင် မယိုင်မလဲ ခိုင်မြဲလျက်ရှိပေသည်။

ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအတွက် လူမှုရေးအသင်းအဖွဲ့ များနှင့် ကုသိုလ်ပြုစေတနာရှင်များက သက်ကြီးရွယ်အိုစောင့်ရှောက် ရေး ‌ဂေဟာများ၊ ဘိုးဘွားရိပ်သာများ ဖွင့်လှစ်၍ ခိုကိုးရာမဲ့ ဘိုးဘွား များအား စောင့်ရှောက်ခြင်းသည် ဘိုးဘွားများအတွက် ဝမ်းမြောက် ဖွယ်ပင် ဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ဆိုင် ရာ ဌာနများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပေသည်။

သက်ကြီးရွယ်အို အမိ၊ အဖ၊ ဘိုးဘွားတို့ကို ကူညီစောင့်ရှောက် ကြသူများ ရှိသကဲ့သို့ ဥပေက္ခာပြုထားကြသူများ၊ ပစ်ပယ်ထားကြ သူများ၊ စွန့်ပစ်ထားကြသူများလည်း ရှိနေသည်ကို ကြားသိတွေ့မြင် နေရသည်။ ဆင်းရဲနွမ်းပါးပြီး ကိုယ်စိတ်အားငယ်၍ အထီးကျန်ဆန် နေသော ဘိုးဘွားများကို လိုအပ်ချက်ပိုမိုဖြည့်ဆည်းပေးနိုင်မည့် စေတနာရှင်လူမှုရေးအဖွဲ့အစည်းများ တိုးတက်ပွားများစေချင် သည်။

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူများက တက်ကြွစွာ ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက် စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ