နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေသယံဇာတအကျိုးရှိစွာ အသုံးချရေး ကြိုးပမ်းဆောင်ရွက်

ရေအရင်းအမြစ်များဖြစ်သည့် သဘာဝရေထွက်များသည် တော၊ တောင်၊ စိမ့်၊ စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေတိမ် ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသများရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။ ရေ သည် သစ်တောများဖုံးလွှမ်းသည့် တော၊ တောင်များမှသည်         ပင်လယ်သမုဒ္ဒရာအထိစီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ 

မြန်မာနိုင်ငံသည် ရေသယံဇာတအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ရေရှည် တည်တံ့ရေးအတွက် စဉ်ဆက်မပြတ်စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်း သည် အရေးကြီးပေသည်။ ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် အလေးထားစီမံဆောင်ရွက်လျက်ရှိသည်။ 

သစ်တောဖုံးလွှမ်းမှုကောင်းမွန်သောနေရာများ၌ မြေတိုက်စားမှု အနည်းငယ်ရှိနိုင်သော်လည်း၊ သစ်တောပြုန်းတီးသည့်မြေနေရာ များတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာကြုံတွေ့ကြရသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးလာခြင်း၊ ရှိရင်းစွဲရေချိုအရင်းအမြစ်များ တည့်တံ့အောင် မထိန်းသိမ်းနိုင်ခြင်း၊ မြို့ပြဒေသများတွင် ရေဆိုးစွန့်ပစ်မှုစနစ်နှင့် မိလ္လာစနစ်အားနည်းခြင်း၊ အမှိုက်များ မဆင်မခြင်စွန့်ပစ်ခြင်းစသည့် အကြောင်းအရာများကြောင့် ရေချိုအရင်းအမြစ်များ ပျက်စီး လျော့နည်းလျက်ရှိသည်။

အစိမ်းရောင်စီးပွားရေးလုပ်ငန်းစဉ်များဖြစ်သော ကာဗွန်ထုတ် လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ စွမ်းအင်နှင့်သယံဇာတ များထိရောက်စွာ အသုံးချနိုင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများနှင့်ဂေဟ စနစ် ဝန်ဆောင်မှုဆုံးရှုံးမှုများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သဘာဝရေအရင်းအမြစ်များချို့တဲ့သည့် စင်ကာပူသည် ရေငန် ကို ရေချိုအဖြစ်ပြောင်းလဲခြင်း၊ မလေးရှားမှရေတင်သွင်းခြင်း၊ ရေလှောင်ကန်များဖြင့် မိုးရေကိုစုဆောင်းခြင်းနှင့် အသုံးပြုပြီးသား ရေကိုပြန်လည်သန့်စင်ကာ သုံးစွဲခြင်းတို့ဖြင့် ရေလုံခြုံမှုကို ကာကွယ် လျက်ရှိသည်။ 

နိုင်ငံတစ်ဝန်းတွင် ဒေသအလိုက် တည်ရှိနေသည့် အဖိုးတန် ရေသယံဇာတအရင်းအမြစ်များမပျက်စီးရေးအတွက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း ဖြင့် အနာဂတ်စားရေရိက္ခာဖူလုံပြည့်ဝမှုကို အထောက်အပံ့ဖြစ် မည်ဟု လေးနက်စွာယုံကြည်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ