နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဆုတ်မနစ်သော ဇွဲ၊ လုံ့လများဖြင့် ကြိုးပမ်းဆောင်ရွက်

ကမ္ဘာတွင် လူဦးရေတိုးတက်နေသကဲ့သို့ ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်များကလည်း ဖြစ်ပေါ်လျက်ရှိရာ စားနပ်ရိက္ခာဖူလုံရေး သည် အရေးပါသည်။ မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုး သည့် နိုင်ငံဖြစ်သည်။ ယခုအခါ မိုးစပါး၊ နွေစပါးများကို တိုးချဲ့ စိုက်ပျိုးလာကြသည်။ 

ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ စက်မှုလယ်ယာကဏ္ဍကို ဦးတည်လျှောက် လှမ်းနေရာ ကျေးလက်ဒေသများဖွံ့ဖြိုးရေးအတွက် ရင်းနှီးငွေ ချေးယူနိုင်သည့် အခွင့်အလမ်းများပေါ်ထွန်းလာနေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများအား  တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားရာတွင် "ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆လတာကာလ အတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ၈ ရာခိုင်နှုန်းခန့် ပြန်လည် တိုးတက်လာခြင်းဖြစ်ကြောင်း ၂၀၂၁-၂၀၂၂ ခုနှစ် ဒုတိယ ၆ လတာ ကာလအတွင်း ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာ ကြောင်း ထိုသို့ တိုးတက်လာခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်း များကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ရှိသည့် ရေသယံဇာတ၊ မြေသယံဇာတများ၊ လယ်ယာ၊ သား၊ ငါးကဏ္ဍများ၊ သစ်တောကဏ္ဍများ၊ လူသားအရင်းအမြစ်များ၏ ဆောင်ရွက်နိုင် မှုများကို အသုံးချနိုင်မှုကြောင့်   နိုင်ငံ့စီးပွားတိုးတက်လာခဲ့ခြင်း   ဖြစ်ကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါအတွေ့အကြုံ များကိုယူ၍ ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးသည်  ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူမည်ဆိုပါက ပြည် တွင်းစားသုံးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပ  ပို့ကုန်များကိုလည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်း များကို စနစ်တကျဖြင့်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်သည့်ဇီဝမြေဩဇာများကိုလည်း ရရှိစေမည် ဖြစ်သကဲ့သို့ MSME လုပ်ငန်းများကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ပြီး ဝင်ငွေများရရှိမည်ဖြစ်ကာ ဒေသတွင်းနှင့် နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်၍ ဒေသအလိုက် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း" ထည့်သွင်း မှာကြားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်ဖော် ဆောင်နိုင်ရေး တိုင်းရင်းသားပြည်သူအားလုံး ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းဖော်ဆောင်ခြင်းဖြင့် လူ့ဘောင်ဘဝကြီးကို တိုးတက်ခိုင်မာ လာမည်ဖြစ်ရာ ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တိုက်တွန်းအပ် ပေသည် ။






အခြားဆက်စပ်သတင်းများ