နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးက ချီးမြှင့်သော ၂၀၂၀ အတွက် အီကွေတာဆု သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရရှိ

ရန်ကုန် ဇွန် ၁၆


UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ချီးမြှင့်သည့် ၂ဝ၂ဝ ခုနှစ်အတွက် အီကွေတာဆုကို ကရင်ပြည်နယ် ဒေသခံများအရေး ဆောင်ရွက်နေသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်က ရရှိသွားကြောင်း သိရသည်။


အဆိုပါ ဆုကို UNDP က သဘာဝဝန်းကျင်နှင့် ဇီဝမျိုးကွဲများကို ထိန်းသိမ်းခြင်းအားဖြင့် ဆင်းရဲမွဲတေမှု နည်းပါးအောင် ဆောင်ရွက်မှုအတွက် ၂ဝဝ၂ ခုနှစ်က စတင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် ကရင်ပြည်နယ် ကော်သူးလေဒေသ စတုရန်းမီတာ ၅ဝဝဝ ကျော်တွင် ဒေသခံတိုင်းရင်းသားများကို ရိုးရာဓလေ့များ ပြန်လည်အားကောင်းလာအောင်နှင့် အဆိုပါ ဒေသခံအနေဖြင့် ယင်းတို့၏ သဘာဝအရင်းအမြစ်များကို ကိုယ်တိုင်သုံးစွဲခွင့်ရရှိအောင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။


သဘာဝအရင်းအမြစ်များနှင့် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းများအပြင် ဒေသခံကရင် တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများကို အကောင်အထည် ဖော်နေကြောင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အဖွဲ့မှ ဇွန် ၁၅ ရက်နေ့က ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ