နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာမြို့ကြီးများနှင့်အညီ ဖွံ့ဖြိုး တိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်လျက်ရှိသည်သာမက စီးပွားရေးမြို့တော်ကြီးအဖြစ် သတ်မှတ်အကောင်အထည်ဖော် လျက်ရှိသည်။

ထိုသို့ပြုပြင်ပြောင်းလဲမှုများတွင် ရန်ကုန်မြို့တွင်းဧရိယာ အတွင်းရှိ အဓိကလမ်းမကြီးများတွင် မော်တော်ယာဉ်များ လွယ်လင့် တကူမောင်းနှင်နိုင်ရေးအတွက် လမ်းများ လူသွားစင်္ကြံများတိုးချဲ့ ခြင်းဆောင်ရွက်ပေးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ ဇန်နဝါရီ    ၅ ရက်က မှော်ဘီနှင့် လှည်းကူးမြို့နယ်များအတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေ၊ လှိုင် မြို့နယ် ၁၂ ရပ်ကွက် ပါရမီလမ်းသို့သွားရောက်၍ အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)က ပြည်လမ်းနှင့် ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ)အဝင်လမ်းအကြား အရှည် ၇၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၁ လက်မ ကွန်ကရစ်တိုးချဲ့ခင်းကျင်းနေမှု၊ တိုးချဲ့လမ်းနှင့် အင်းလျားလေးကန်စပ်အကြား လူသွားစင်္ကြံစက်ဘီးလမ်းပြုလုပ် ရန် မြေသားပြုပြင်ဆောင်ရွက်နေမှု၊ လမ်းသားစင်္ကြံများနှင့် လွတ်ကင်းမှုမရှိသည့် သစ်ပင်အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များမှာကြားသည်။

ရန်ကုန်မြို့တော်တွင်  စီးပွားကုန်သွယ်မှုယာဉ်ပေါင်းစုံ ဥဒဟိုဝင်ထွက်သွားလာမှု၊ စည်းကမ်းမဲ့ယာဉ်များရပ်နားမှုကြောင့် အဓိကလမ်းမကြီးများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော် တဆမှုများတိုးတက်များပြားလာသည်။

အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်း မရှိ‌စေရေး၊ ခရီးသည်တင်ယာဉ်များ ခေတ္တခဏရပ်နားခြင်းမှအပ မည်သည့်ယာဉ်မှရပ်နားခြင်းမပြုရန် လိုအပ်သည်။ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဖွဲ့စည်း၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းမှု၊ ပညာပေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုထိရောက်စနစ်တကျ ထိန်းသိမ်းနိုင်ရေး ခရိုင်၊  မြို့နယ်အဆင့်ယာဉ်အန္တရာယ်၊ လမ်း        အန္တရာယ်ကင်းရှင်းရေးအဖွဲ့များကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ယာဉ်မောင်းစဉ် အရက်သေစာသောက်စားမှုများ၊ ထိုင်ခုံခါးပတ် ပတ်မှုရှိ/မရှိ၊ ဆိုင်ကယ်ဦးထုပ်ဆောင်း/မဆောင်း၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းအသုံးပြုမှု၊ အရှိန်နှုန်းမြှင့်တင်မောင်းနှင်မှုများကို စစ်ဆေးကြပ်မတ်ရန် လိုအပ်သည်။

ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းများဆောင်ရွက်ရာတွင် ပြည်သူများ စည်းကမ်းစနစ်တကျ လိုက်နာဆောင်ရွက်မှသာလျှင် လမ်းများပေါ်တွင် အရုပ်ဆိုးအကျည်းတန်မှုမဖြစ်အောင် ကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီရန် တိုက်တွန်းနှိုးဆော်ရပေသည်။






အခြားဆက်စပ်သတင်းများ