နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိန်ရတု လွတ်လပ်ရေးနေ့မှသည်

ကမ္ဘာတည်သရွေ့ အဓွန်ရှည်တည်တံ့ရေး ကြိုးပမ်းတည်ဆောက် 

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် ထူးခြားလေးနက်မှုကိုဆောင်သည့်  လွတ်လပ်ရေးနေ့ဖြစ်သည်။ ထူးခြားလေးနက်မှု ဝိသေသလက္ခဏာများကို ဆောင်ကြဉ်းနေသည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယဖြစ်သည်။

မြန်မာတို့ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြဌန်းနှင့် အေးအတူ ပူအမျှ နှစ်ပရိစေ ္ဆ ဒနေထိုင်ခဲ့ကြသည့် မြန်မာတို့၏ စိန်ရတုလွတ်လပ်ရေး ခရီးနှင့် အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ငြိမ်အေးချမ်းသာယာ ဝပြောအောင် ကိုယ့်အားကိုယ်ကိုး ကြရမည်ဖြစ်သည်။

နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့်လွတ်လပ် ရေးနေ့သည် မိမိတိုနိုင်ငံ၏ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မကြာခင်မှာပင်ပေါ်ပေါက် လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည်လည်း            ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်ရာ၊ ထိုသို မပြီးနိုင်၊ မစီးနိုင်၊ အဖြေ မထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ကြရန်အချိန်ကျ ပြီဖြစ်သည်။ ယနေ့ အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လိုလားတောင့်တနေသော  ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသော ကာလဖြစ်သည်။

တိုင်းရင်းသားညီနောင်အားလုံး  တန်းတူခံစားနိုင်မည့် ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  စိန်ရတုလွတ်လပ်ရေး မှသည် အနာဂတ်တိုင် ဒို့တာဝန်အရေးသုံးပါး မူဝါဒအဖြစ် တစ်တိုင်း ပြည်လုံးက ကျင့်ကြံအားထုတ်ရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြထား  သည်။

အတိတ်တွင်ကျန်ခဲ့သည်  ၂၀ ရာစုမြန်မာနိုင်ငံသည် ၂၁ ရာစု မြန်မာနိုင်ငံအဖြစ်  ဆက်လက်ထိန်းသိမ်းရာတွင် အမွေအနှစ်ကောင်းမွေ များကိုယူတတ်ရန် မကောင်းသည် ဖယ်တတ်သည့် အရည်အချင်း၊ ဉာဏ်အမြော်အမြင်များရှိကြရပါမည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထူးခြား လေးနက်မှု ဝိသေသလက္ခဏာများ ဆောင်ကြဉ်းနေသည် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို အမျိုးသားရေးဦးတည်ချက် (၅) ရပ် ဖြစ်သော

 ၁။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ ရေးနှင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး။

၂။ တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးကို    အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရေး။

၃။ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှု ပြီး "ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ" (Keep Moving Forward to Achieve Our Goal ) ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန် သော နိုင်ငံတော်နှင့်လူမှုစီးပွားဘဝတည်ဆောက်ရေး။

၄။          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးကို ခိုင်မာသည့် သန္နိဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး။

၅။                လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးနှင့်တိုင်းရင်းသားအားလုံးအချိုးကျ ကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲ စနစ်ဖြစ်ပေါ်လာစေရေးဟူသော ဦးတည်ချက်များဖြင့် ခမ်းနား ထည်ဝါစွာ ကျင်းပမည်ဖြစ်သည်။

၇၅နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ရောက်ရှိသည့်တိုင် လွတ်လပ်ရေး၏အသီးအပွင့်များကို တန်းတူညီမျှခံစားပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ပျောက်ကွယ် ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး အေးအတူပူအမျှ အတူတကွပူးပေါင်းပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် စေချင်သည်။ စိန်ရတုလွတ်လပ်ရေးနေ့မှသည် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ရေးလက်ဆင့်ကမ်း ထမ်းဆောင်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ