နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ ဘီလျံနာကို ပြန်ပေးဆွဲရန် ကြိုးစားခဲ့ခြင်းကြောင့် လူငါးဦးကို ဖမ်းဆီး

ဇွန် ၁၆  ဘေဂျင်း


တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးကို ပြန်ပေးဆွဲရန် ကြိုးစားခဲ့ပြီးနောက်တရုတ်နိုင်ငံတွင် လူငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဟီရှင်းကျန်သည် ကမ္ဘာ့အကြီးဆုံး အိမ်သုံးပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Midea ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်သည်။ အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၄.၈ ဘီလျံရှိသည့် ဘီလျံနာ ဟီရှင်းကျန်သည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းတွင် အဆင့်(၆) နေရာ ရပ်တည်နေသူဖြစ်သည်။


ပြီးခဲ့သည့်တနင်္ဂနွေနေ့က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ဖိုရှန်မြို့ရှိ ယင်း၏ အပန်းဖြေစံအိမ် ဖောက်ထွင်းခံထားရခြင်းကို ဟီရှင်းကျန်၏ သားဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ ဟီရှင်းကျန်၏သားဖြစ်သူမှာ အိမ်ထဲဖောက်ထွင်း ဝင်ရောက်လာသူများ မသိအောင် တိတ်တဆိတ် အိမ်ပြင်ထွက်ပြီး မြစ်ကိုဖြတ်ကူးကာ အကူအညီတောင်းခံခဲ့ခြင်းဟု ဆိုသည်။


အဆိုပါဖြစ်ရပ်တွင် ပါဝင်သူအားလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာ ရခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ လူမှုကွန်ရက် အသုံးပြုသူများက အဆိုပါဖြစ်ရပ်ကို အက်ရှင်ရုပ်ရှင် ဇာတ်ဝင်ခန်းနှင့် ခိုင်းနှိုင်းခဲ့ကြသည်။ ဟီရှင်းကျန်ရဲ့ အိမ်ထဲ ဝင်ရောက်လာသူများက ဖောက်ခွဲရေးပစ္စည်းများ ယူဆောင်လာဖွယ်ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့ညနေမှ တနင်္လာနေ့ နံနက်ကြားကာလအတွင်း ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို တုံ့ပြန်လှုပ်ရှားခဲ့ရာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခံခဲ့ရသည်ဟု ဒေသခံများက South China Morning Post သတင်းစာသို့ ပြောသည်။       


 (KNT)






အခြားဆက်စပ်သတင်းများ