နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကာဘူးလ်မြို့ဆေးရုံရှိ သားဖွားဆောင်ကို ပိတ်ပစ်ရန် နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဆုံးဖြတ်

ဇွန် ၁၆  ကာဘူးလ်


ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့ ဆေးရုံရှိ သားဖွားဆောင်ကို ပိတ်ပစ်မည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဆိုသည်။ 


မတ်လ ၁၂ ရက်တွင် သေနတ်သမားများက ရဲဝတ်စုံဝတ်ဆင်ပြီး သားဖွားဆောင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ အမျိုးသမီးနှင့် ကလေး ၂၄ ဦး သေဆုံးခဲ့သည်။ သေနတ်သမားများက အမျိုးသမီးများနှင့် ကလေးငယ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် သားဖွားဆောင်ကိုပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောသည်။ 


ကမ္ဘာတစ်ဝန်းက ဝေဖန်ရှုတ်ချကြသည့် အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ယင်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ သေနတ်သမားသုံးဦး ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်က ဆေးရုံအတွင်း လူ ၁၄၀ ရှိနေခဲ့ပြီး အထူးတပ်ဖွဲ့က နိုင်ငံခြားသားသုံးဦးအပါအဝင် အမျိုးသမီးနှင့်ကလေးငယ် ၁၀၀ ကို ကယ်တင်နိုင်ခဲ့သည်။ သားဖွားဆောင်အတွင်း ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင် ၂၆ ဦးရှိသည့်အနက် ၁၀ ဦးမှာ ထွက်ပြေးနိုင်ခဲ့ပြီး ၁၆ ဦးမှာ ထွက်ပြေးနိုင်ခဲ့ခြင်းမရှိပေ။ ယင်းတို့အနက် ကိုယ်ဝန်ဆောင်သုံးဦးကို သားဖွားခန်းအတွင်း ပစ်သတ်ခဲ့သည်။ 


သားဖွားဆောင်ကို ပိတ်ပစ်သည့် ဆုံးဖြတ်ချက်မှာ ပြင်းထန်သည့် ထိုးနှက်ချက်တစ်ရပ် ဖြစ်ကြောင်း၊ နယ်စည်း မခြားဆရာဝန်များအဖွဲ့အနေဖြင့် အဆိုပါကိစ္စကို ပြန်စဉ်းစားမည်ဟု မျှော်လင့်ကြောင်း အာဖဂန်နစ္စတန် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆမ်ဆာက ပြောသည်။   


(KNT)






အခြားဆက်စပ်သတင်းများ