နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်

၂၀၂၂ ခုနှစ်ကုန်၍ ၂၀၂၃ ခုနှစ်သို့  ကူးပြောင်းခဲ့ပြီး နှစ်သစ်ကူးကာလအတွင်း ကမ္ဘာအရပ်ရပ်တွင် ပျော်ရွှင် ဖွယ်ရာများဖြင့် နှစ်သစ်ကူးခဲ့ကြပေပြီ။ မြန်မာပြည်အနယ်နယ် အရပ်ရပ်တို့တွင်လည်း ပြည်သူအပေါင်းတို့ ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြ ပေပြီ။ ဤသို့ပျော်ရွှင်ကြည်နူးစွာဖြင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပနိုင်ခြင်းကပင် လွတ်လပ်သော နိုင်ငံ၏သရုပ်သကန် ကို ဖော်ကျူးနေခြင်းလည်းဖြစ်သည်။ 

မြန်မာတိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသားတို့ရယူနိုင်ခဲ့သည်။ မြန်မာတို့ကျွန်ဘဝမှ လွတ်လပ်ပြီး သခင်ဘဝကို ပြန်လည်ရောက်ရှိကြသည်မှာ စိန်ရတုခရီးပင်ရှိခဲ့ပြီ။

သို့သော် လွတ်လပ်ခြင်း၏တန်ဖိုးကိုသိရှိပြီး လွတ်လပ် ခြင်း၏သဘောကိုနားလည်မှသာ လွတ်လပ်ရေးကို ကာကွယ်နိုင် မည်ဖြစ်သည်။ ယနေ့ကမ္ဘာ့ရွာကြီးသို့ရောက်ရှိနေသော အချိန် အခါတွင် ရှေးခေတ်ကဲ့သို့ စစ်ရေးဖြင့်ကျူးကျော်ခြင်းမဟုတ် တော့။ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေးအရသော်လည်းကောင်း ကျူးကျော်နေကြသည်ကို  သတိချပ်သင့်သည်။

ယနေ့ မြန်မာမျိုးဆက်သစ်များအနေဖြင့် မွေးရာပါ တာဝန်မှာ လွတ်လပ်သည့်အချုပ်အခြာအာဏာတည်တံ့သည့် နိုင်ငံအဖြစ် ထာဝရဆက်လက်တည်ရှိအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လိုအပ်လျှင် အသက်၊ သွေး၊ ချွေးတို့ဖြင့်ရင်း၍ ကာကွယ်ထိန်းသိမ်းရပါမည်။ ခေတ်သစ်နယ်ချဲ့ဝါဒီတို့၏ မှိုင်းလုံးများဖြစ်သည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လစ်ဘရယ်၊ ဖက်ဒရယ်ဟူသည့်  သွေးဆောင်မှုများကို   ကြည့်တတ်၊ မြင်တတ်ရပါမည်။

မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့ သို့ရောက်လေတိုင်း လွတ်လပ်ရေးနေ့ အောင်ပွဲအခမ်းအနား များကို  မြန်မာနိုင်ငံတစ်ဝန်း  စည်ကားသိုက်မြိုက်စွာကျင်းပ ကြသည်။  ၇၅ နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ဗိုလ်ရှုခံရင်ပြင်၌ ခမ်းနားကြီးကျယ်စွာ ကျင်းပ မည်ဖြစ်သည်။ အနှစ်သာရပြည့်ဝသော လွတ်လပ်ရေးနေ့ အခမ်းအနားများကို  ဆင်ယင်ကျင်းပ  အလေးအမြတ်ဂါရဝ ပြုလျက် လွတ်လပ်ရေး၏တန်ဖိုးကို စောင့်ထိန်းလိုက်နာကျင့်ကြံ အပ်ပေသည်။

လွတ်လပ်ရေးကို အရယူပေးခဲ့သည့်  ဘိုးဘွားများနှင့် ၇၅ နှစ်တိုင်အောင် ထိန်းသိမ်းခဲ့သည့် မိဘများ၏ အမျိုးစစ်၊ အမျိုးမှန်ပီသသည့် မြန်မာနိုင်ငံသားစစ်စစ်ဘဝကို ရောက်ရှိ ပေမည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားညီအစ်ကိုအပေါင်းတို့သည် မျိုးချစ် စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကို အစဉ်မွေးမြူပြီး မြန်မာ့ လွတ်လပ်ရေးစိန်ရတုမှသည်  ကမ္ဘာတည်သရွေ့တည်တံ့ ခိုင်မြဲရေးအတွက် ထာဝစဉ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သွားရမည်ဖြစ်ကြောင်း အလေးအနက်ယုံကြည်ပါကြောင်း။ ။






အခြားဆက်စပ်သတင်းများ