နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံတွင် COVID-19 လူနာ ၉၀၀၀၀၀ နီးပါးရှိလာ

ဇွန် ၁၆ ဘရာစီလီယာ


ပြီးခဲ့သည့်တနင်္လာနေ့က ဘရာဇီးနိုင်ငံတွင် COVID-19 လူနာသစ် ၂၀၆၄၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် စုစုပေါင်းလူနာ ၉၀၀၀၀၀ နီးပါး ဖြစ်လာခဲ့ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် အနည်းဆုံး သေဆုံးသူ ၆၂၇ ဦး ရှိခဲ့ခြင်းကြောင့် စုစုပေါင်း သေဆုံးသူ ၄၃၉၅၉ ဦးအထိ ရှိလာခဲ့သည်။


ပြီးခဲ့သည့်တနင်္လာနေ့မှာ ဘရာဇီးနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူမရှိသည့် တစ်လပြည့်အထိမ်းအမှတ် ဖြစ်သည်။ မေလ ၁၅ ရက်တွင် နယ်လ်ဆင်တိုက်ချ် နုတ်ထွက်သွားပြီးနောက်ပိုင်း ယာယီတာဝန်ပေးအပ်ခံရသည့် စစ်ဗိုလ်ချုပ်ကြီး ပါဇွဲလိုက ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့သည်။ ဘရာဇီးနိုင်ငံမှာ အမေရိကန်နိုင်ငံပြီးနောက် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဒဏ်ကို ဒုတိယအဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။                                                   


(KNT)






အခြားဆက်စပ်သတင်းများ