နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အသီးသီး၌အုပ်မိုးကိုင်းများရှင်းလင်းခြင်း၊မြေယာရူ့ခင်းပြုပြင်ခြင်းနှင့်အပင်ခြောက်အမြစ်လှန်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်   ဇွန်   ၁၆


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ


မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့(မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ဇွန်လ ၁၅ ရက်တွင် ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းနှင့် ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း၌ အုပ်မိုးကိုင်းများရှင်းလင်းခြင်း၊ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း သစ်ဆိမ့်ပင်လဲပြိုမှု၊ ၁၁ ရပ်ကွက် မဟော်သဓါလမ်း ကုက္ကိုကိုင်းများပိတ်ဆို့မှု၊ ဇုန် ၁ အင်ကြင်းမြိုင်လမ်း စိန်ပန်းပင်လဲပြိုမှုတို့အားရှင်းလင်းခြင်း၊ လှိုင်မြို့နယ် ပါရမီလမ်းနှင့်အင်းစိန်လမ်းထောင့်၊ ပြည်လမ်း ဝဲယာ၊ သာကေတမြို့နယ် ဧရာဝဏ်လမ်းတို့တွင် မြေယာရှုခင်းပြုပြင်ခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် အမက(၁၂)မူလွန်ကျောင်းရှေ့ ပိတောက်ကိုင်းများပိတ်ဆို့မှုရှင်းလင်းခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်းသစ်တွင် ခရေ၊ ရေတမာ၊ ကုက္ကို၊ ကန်သာယာပန်းခြံတွင် ကြံစာလုံးနှင့်ကွမ်းရိုးနီများစိုက်ပျိုးခြင်း၊ တာမွေမြို့နယ် ကျောက်မြောင်းလမ်း အပင်ခြောက်အမြစ်လှန်ရှင်းလင်းခြင်းလုပ်ငန်းတို့အားဆောင်ရွက်ခဲ့ကြသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ