နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ရွှင်လန်း အပန်းဖြေ

ခရီးသွားခြင်းသည် စိတ်ရွှင်လန်းအပန်းပြေပြီး မိမိတို့၏ မွန်းကျပ်နေသောစိတ်များလျော့ပါးသက်သာစေသည်။ နိုင်ငံတကာမှ ပြည်သူများသည် တစ်နှစ်တစ်ခါဖြစ်စေ၊ မိမိ၏ အားလပ်ရက်များတွင်ဖြစ်စေ အပန်းဖြေခရီးထွက်ကြသည်။ အပန်းဖြေခရီးထွက်သည့်အတွက် မိမိတို့တွင် အတွေးသစ်၊ အမြင်သစ်ဖြင့် မိမိလုပ်ငန်းဆောင်တာကို ထွန်းသစ်အောင် လုပ်ဆောင်နိုင်ကြသည်။ 

မြန်မာနိုင်ငံမှ   ပြည်သူများအနေဖြင့်  ခရီးသွားလာ ခြင်းကို ပိုမိုလိုလားနှစ်သက်ကြသည်။ မြန်မာနိုင်ငံသည်            ဆယ့်နှစ်ရာလရာသီပွဲလမ်းသဘင်များနှင့် ယဉ်ကျေးမှု အစဉ်အလာများ  နိုင်ငံတစ်ဝန်းတွင် ပြုလုပ်လေ့ရှိသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၌  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသဖြင့်  ထုတ်ပြန်ထားသော  ကျန်းမာရေး၊       စည်းမျဉ်း စည်းကမ်း ဥပဒေသတ်မှတ်ချက်များကြောင့် စိတ်လွတ်လပ်မှုများကို ချုပ်တီးထားခဲ့ရသည်။

ယနေ့အခြေအနေတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင်   ဖြစ်ပွားသေဆုံးမှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲစစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၄၇ ရက်ဆက်တိုက်တစ်ရာခိုင်နှုန်း အောက်သို့ ကျဆင်းလာလျက်ရှိသည်။

နိုင်ငံသူ၊ နိုင်ငံသားများသည် တစ်နှစ်တစ်ခါသာမက အားလပ်ရက်များ၌ တစ်ဦးချင်းအလိုက်၊ မိသားစု အစုအဖွဲ့ အလိုက်သွားရောက်လည်ပတ်လေ့ရှိကြသည်။ မိမိတို့ဘဝ များကို ပျော်ရွှင်ချမ်းမြေ့စရာများတွင် ပိုမိုအချိန်ပေးလေ့ရှိ ကြသည်။ 

နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် ဒီဇင်ဘာကျောင်းပိတ် ရက်များတွင် ပြည်တွင်းခရီးသွားများ နိုင်ငံအနှံ့ရှိ ဘုရား ပုထိုးစေတီများ၊  ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ၊ ကမ်းခြေအပန်းဖြေနေရာများတွင်  လာရောက်သူများ များပြားလျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ပွဲလမ်း သဘင်များအလည်အပတ်ခရီးများတွင် ပြည်သူများ စိတ် နှလုံးချမ်းမြေ့စွာဆောင်ရွက်နိုင်ရေးအတွက် ဖန်တီးပေး လျက်ရှိသည့် ခရီးသွားလည်ပတ်ရေးတွင် ဥပဒေစည်းကမ်း များကို လိုက်နာပြီး စိတ်မွန်းကျပ်မှုများကို ပြေလျော့စေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ