နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇန်နဝါရီ  ၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် တာဝန်ရှိ သူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းဘေး  ရေပေးဝေရေး ဇုန် ၉  ရေစုကန်မြေနေရာနှင့်  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ မြေနေရာ တို့တွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးထားရှိမှု၊ အမှိုက်မှ ထွက်ရှိသည့်ရေဆိုးများ သန့်စင် နေမှု၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင် လမ်းအနီး ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း မြေထိန်း နံရံ တည်ဆောက်နေမှု၊ လှိုင်မြို့နယ်၊ ပါရမီလမ်း လမ်းသား တိုးချဲ့ကွန်ကရစ် ခင်းကျင်းနေမှုနှင့်ကန်တော်ကြီးရေပြင်ကြည်လင်သန့်ရှင်း ရေး   ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန် နှင့်ဝန်ကြီးသည် နံနက် ၉ နာရီတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းဘေး  ရေပေးဝေရေး ဇုန် ၉ ရေစုကန် မြေနေရာသို့ သွားရောက်၍ အင်ဂျင်နီယာ ဌာန(ရေနှင့်သန့်ရှင်းမှု)က မြေ ဧရိယာ နှစ်ဧကတွင် ဆောင်း သီးနှံနေကြာ စိုက်ပျိုးထားရှိမှု ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ  မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်ဝန်ကြီးသည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနရှိ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ သွားရောက်၍ မြေဧရိယာဧက ၅၀ တွင် ဆောင်းသီးနှံ နေကြာစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားပြီး အမှိုက် ပုံများကထွက်ရှိသည့် Leachate ရေဆိုးများကို Surface Aerator ရေစုကန်သို့သွင်း၍ Aeration ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။ 

အဆိုပါ Aeration ပြုလုပ် သည့် စနစ်မှာ တစ်နာရီလျှင် ၂၀၀ ဝပ် လျှပ်စစ် ဓာတ်အား ပေးနိုင်သည့် နေရောင်ခြည်စွမ်း အင်သုံးဆိုလာစနစ်ဖြင့် 2HP Mortor တပ်ဆင်ထားသည့် Aerator စက် ခြောက်လုံးကို လည်ပတ်စေပြီး ရေဆိုးများကို လေသွင်းမှုတ်ထုတ်သန့်စင် ပေးခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ရေဆိုးများကို  Aeration ပြုလုပ်သန့်စင်ခြင်းဖြင့် Lea-chate အတွင်းပါဝင်သည့် Bacteria နှင့် Micro-organism များကို လျော့ပါးစေပြီး ပြန် လည်စွန့်ထုတ်သည့်အခါရေထု ညစ်ညမ်းမှုကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း သိရသည်။ 

ထို့နောက် မြို့တော်ဝန်နှင့် ဝန်ကြီးတို့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ရန်ကုန်- ပုသိမ်ကားလမ်းဘေး ရန်ကုန် အနောက်ပိုင်းနည်းပညာ တက္ကသိုလ် အဝင်လမ်းထောင့် အနော်ရထာ စက်မှုဇုန်ရှေ့သို့ သွားရောက်၍ အင်ဂျင်နီယာ ဌာနက (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ရန်ကုန်-ပုသိမ်လမ်း ရေစု ကန်ရေမြောင်း ရေသွားလမ်း အကျယ် ၄၈ ပေကို အရှည် ၉၃၀ ပေရှိ မြေထိန်းနံရံနှစ်ဘက် တည်ဆောက်နေမှုကိုကြည့်ရှု စစ်ဆေးပြီး စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာ ကြားကာ လိုအပ်သည်များ  ဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန် နှင့်ဝန်ကြီးတို့သည် လှိုင်မြို့ နယ်၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း သို့ သွားရောက်၍ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)က ပြည် လမ်းနှင့်ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)အဝင်လမ်း အကြား အရှည် ၇၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၁ လက်မ ကွန်ကရစ်တိုးချဲ့ခင်းကျင်းနေမှု၊ တိုးချဲ့လမ်းနှင့် အင်းလျားလေး ကန်စပ်အကြား လူသွားစင်္ကြံ စက်ဘီးလမ်း ပြုလုပ်ရန် မြေသားပြုပြင်ဆောင်ရွက်နေမှု၊ လမ်းသားစင်္ကြံများနှင့်လွတ် ကင်းမှုမရှိသည့် သစ်ပင်အကိုင်း အခက်များ ခုတ်ထွင်ရှင်းလင်း နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မြို့တော်ဝန် နှင့်ဝန်ကြီးတို့သည် ကန်တော် ကြီးသဘာဝဥယျာဉ်အတွင်း                        ကန်ရေပြင်ကြည်လင်သန့်ရှင်းရေးအတွက် အမှိုက်၊ ဒိုက်နှင့် ရေမှော်များ ဆယ်ယူရှင်းလင်း နေမှုနှင့် 1.1 kW DC Motor တပ် Solar Power သုံး ရေဒလက် မော်တာဖြင့် ကန်ရေနှင့်ရေ မှော်များတွင်ရှိသည့် Bacteria နှင့် Micro-organism များကို လျော့ပါးစေရန် ကန်ရေကို Aeration ပြုလုပ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်း၊ ဓာတ်ပုံ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ