နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၁၅


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ  ဇွန် ၁၄ ရက်၊ ညနေ ၆ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ချစ်တီးကုန်းရပ်ကွက်၊ တနင်္သာရီလမ်းမပေါ်၌ ဓါးကိုင်သောင်းကျန်းနေသော သန်းမြင့်ထံမှ အရိုးအသွား(၁၄)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းကိုလည်းကောင်း၊ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်တွင် ကျွန်းကလေးကျေးရွာအတွင်း လမ်းမပေါ်၌ မျိုးကျော်ထံမှ အရိုးအသွား(၂၈)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီအချိန်တွင် (၁၈)ရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းမပေါ်၌ ဇင်ဝင်းထက်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီအချိန်တွင် ပုဂံလမ်းမပေါ်၌ လွင်မိုးအောင်ထံမှ အရိုးအသွား(၁၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ကိုကိုဝင်းထံမှ အရိုးအသွား (၅)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊


လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီအချိန်တွင် (၄)ရပ်ကွက်၊ တပင်ရွှေထီးလမ်းမပေါ်၌ မင်းကိုနိုင် ထံမှ အရိုးအသွား(၁၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းနှင့် ည ၁၀ နာရီခွဲအချိန်တွင် ဌေးနိုင်ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ ခရမ်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် ခရမ်းစုပေါင်းစစ်ဆေးရေးဂိတ်၌ အောင်နိုင် ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ် ဖွဲ့ဝင်များ သည် ည ၁၀ နာရီ  ၅၀ မိနစ်အချိန်တွင် နတ်မောက်လမ်းမပေါ်၌ စိုးဝေဖြိုး ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ