နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည့်အင်အား ကြိုးပမ်းတည်ဆောက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည်မှာ ၇၅ နှစ်ပြည့် စိန်ရတုကာလဖြစ်သည်။ နှစ်ဟောင်း အတိတ်ဟောင်းမှ အနိဋ္ဌာရုံများ ကူးပြောင်းမပါစေလိုဘဲ မျှော်လင့် ချက်အသစ်တို့ဖြင့် ကြိုဆိုလိုသည်မှာ နိုင်ငံသူနိုင်ငံသားတို့၏ ဆန္ဒ အမှန်ဖြစ်သည်။

အင်အားကြီးနိုင်ငံဖြစ်သည့် အင်္ဂလန်နိုင်ငံက ၁၈၂၄ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော် ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲကာ သိမ်းယူခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏စွမ်းအားများ အားနည်းချိန်တွင် ပြည်ပကျူးကျော် ရန်ရှာမှုခံရပြီး အချုပ်အခြာအာဏာနှင့် လွတ်လပ် ရေးဆုံးရှုံးကာ ကျွန်သပေါက်ဘဝ ကျရောက်ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံ ကို အုပ်ချုပ်သူများက ကမ္ဘာ့အခြေအနေ၊ နိုင်ငံအုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး တည်ဆောက်မှုအားနည်းခြင်း၊ စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းတို့ကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။

မြန်မာ့လွတ်လပ်ရေးကို လွယ်လွယ်ကူကူရရှိခဲ့ခြင်း မဟုတ်ပေ။ မြန်မာ့လွတ်လပ်ရေးကို အသက်သွေး၊ ချွေး၊ မြောက်မြားစွာတို့ဖြင့် လဲလှယ်ခဲ့ကြရသည်။ မြန်မာ့တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ဖြင့် မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ရယူနိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၅ နှစ်ကြာမြင့် ခဲ့ပြီဖြစ်ပြီး လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာ အာဏာဆုံးရှုံးမှု မရှိစေရန် ပြည်တွင်းအင်အား ခိုင်မာတောင့်တင်းရေး သည် အရေးပါသည်။

မိမိတို့နိုင်ငံတွင် ကောင်းမြတ်သည့် သမိုင်းအစဉ်အလာဖြစ်‌သော တိုင်းရင်းသားများအချင်းချင်း ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ် နေထိုင်နိုင်ရေး၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့်         နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် အလွန်ပင်အရေးကြီးသည်။

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က "ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာကာလအတွင်း နိုင်ငံနှင့်လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များကို ချန်ရစ်ခဲ့ပြီး  နိုင်ငံတော်အတွက်  အကျိုးဖြစ် ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်များကို  "မြန်မာစိတ်" မွေးပြီးတော့  စည်းစည်းလုံးလုံး  လုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့သွားချင်တဲ့ ပန်းတိုင်ကို မလွဲမသွေရောက်ရှိမှာပဲဖြစ် ပါတယ်"ဟု ၂၀၂၃ ခုနှစ်  နှစ်သစ်ကူး  နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သူ့ကျွန်ဘဝ သမိုင်းသင်ခန်းစာများကို သတိပြုလျက် နိုင်ငံ အင်အားများကို စုစည်းညီညွတ်စွာ ကျရာကဏ္ဍအသီးသီးက တက်တက်ကြွကြွ   ပူးပေါင်းပါဝင်  ဆောင်ရွက်နိုင်ကြပါစေကြောင်း။        ။






အခြားဆက်စပ်သတင်းများ