နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ပြည့်မြဲစွမ်းအင်

သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခို အားထားရာ အကျိုးပြုရာဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွမ်းပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်န်ုပ်တို့ နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိက ထုတ်ယူအသုံးပြုကြသည်။ ရေမှရသော ရေအားလျှပ်စစ် စွမ်းအင်သည် လူတို့၏လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်သည်။

နိုင်ငံလူဦးရေ၊ မြို့ပြအသုံးအဆောင်နှင့် စက်မှုလုပ်ငန်း များ တစ်နေ့တခြားတိုးပွားလျက်ရှိသည်။ တိုးပွားလာသည့် အနေအထားကိုဖြည့်စွမ်းရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှု များသည် သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေးအတွက် ရေရှည်စဉ်းစားရမည့်အချက်ဖြစ်သည်။

ယနေ့အချိန်ကာလလျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်မီးသုံးစွဲသူများ အားကိုမျှတစွာသုံးစွဲရရှိရေး ခွဲဝေ စီမံဆောင်ရွက်နေသကဲ့သို့ စက်မှုဇုန်များကိုလည်း သတ်မှတ် ချိန်များအတိုင်း မျှတစွာသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက် ရှိသည်။

ထိုနေရာတွင် ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါ လှပေသည်။ လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝနှင့်စွန့်ပစ်လောင်စာ တို့သည် သဘာဝအလျောက်ထုတ်ယူမကုန်သည့်စွမ်းအင် များဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်နှင့်အညီ စက်မှုဇုန်များတွင် အဆောက်အအုံများ၏ ခေါင်မိုးများပေါ်တွင်လည်းကောင်း၊ မြေပြင်ပေါ်တွင်လည်း ကောင်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်ရေး၊ စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း လုပ်ငန်း ခွင်များအသုံးမပြုသည့်အချိန်တွင် ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားကို ဝန်ကြီးဌာနမှဝယ်ယူနိုင်ရေး စီမံဆောင်ရွက်  သွားမည်ဖြစ်ကြောင်း၊ နည်းပညာအရလိုအပ်ချက်များရှိ ပါကလည်း ဝန်ကြီးဌာနအနေဖြင့် ဝိုင်းဝန်းကူညီဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးက ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်စက်မှုစီမံကိန်းတွင် ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Wilman Myammar ကုမ္ပဏီသည် စပါးခွံလောင်စာဖြင့် လျှပ်စစ် ထုတ်လုပ်မှုကို ဆောင်ရွက်လျက်ရှိသည်။ စပါးခွံသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ ဆိပ်ကမ်းလုပ်ငန်းများ၊ ဆန်စက်လုပ်ငန်း၊ စားသုံးဆီလုပ်ငန်း နှင့် ဂျုံလုပ်ငန်းများ လည်ပတ်လျက်ရှိသည်။

ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်လည်း မထိ ခိုက်၊ စွမ်းအင်လည်း လုံလောက်စေမည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များထုတ်ယူနိုင်ရေး ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင် စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ