နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်ဖီကာအသင်းက အန်ဇိုဖာနန်ဒက်ဇ် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ သတ်မှတ်

ဒီဇင်ဘာ  ၂၄

ပေါ်တူဂီကလပ် ဘင်ဖီကာ အသင်းသည် အာဂျင်တီးနား ကွင်းလယ်ကစားသမားအန်ဇို ဖာနန်ဒက်ဇ်၏ ပြောင်းရွှေ့ ကြေးကို ယူရိုသန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်ဇ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ ခြေစွမ်းပြသ၍ ဆုဖလားရယူနိုင် ခဲ့သောကြောင့် ဥရောပကလပ် အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေချိန်တွင် ဘင်ဖီ ကာ အသင်းက ယူရိုသန်း ၁၀၀ ရရှိ မှသာ ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ အန်ဇိုဖာနန်ဒက်ဇ်သည် ပြီးခဲ့ သည့် နွေရာသီအပြောင်းအရွှေ့ ကာလက အာဂျင်တီးနား ကလပ် ရေးဗားပလိတ်အသင်းမှ ဘင်ဖီကာအသင်းသို့ ရောက်ရှိ ခဲ့ပြီးအသင်းနှင့်အတူ ခြေစွမ်း ပြကာ အမှတ်ပေးပြိုင်ပွဲတွင် သွင်းဂိုး တစ်ဂိုးနှင့် ဂိုးဖန်တီးမှု သုံးကြိမ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ တွင် သွင်းဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီး မှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

ထို့ပြင် အန်ဇိုဖာနန်ဒက်ဇ် သည် အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိ အောင် အဓိကနေရာမှ ပါဝင်စွမ်း ဆောင်နိုင်ခဲ့သူဖြစ်ပြီးလူငယ် အကောင်းဆုံး ကစားသမားဆု ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

သူရိန်






အခြားဆက်စပ်သတင်းများ