နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စကိုနှင့် ဆီဗီလာအသင်း နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း

ဒီဇင်ဘာ  ၂၄

ရီးရဲလ်မက်ဒရစ် အသင်း က ဆီဗီလာအသင်းသို့အလွတ် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိ ခဲ့သည့် ကွင်းလယ်ကစား သမား အစ္စကိုသည် အသင်း နှင့် နှစ်ဖက်သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အစ္စကိုသည် ဆီဗီလာ အသင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းနှင့်အတူ ပြိုင်ပွဲစုံ၁၉ ပွဲ ပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နည်းပြသစ် ဆမ်ပါအိုလီလက် ထက်တွင် ပုံမှန်ပွဲကစားခွင့်နည်း ပါးလာသောကြောင့် အသင်း မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကာ နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ဆီဗီလာအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွား နေပြီး စပိန်လာလီဂါအမှတ် ပေး ပြိုင်ပွဲတွင် ၁၄ ပွဲ ကစားပြီး ချိန်၌ နှစ်ပွဲသာ အနိုင်ရရှိ ထားပြီး ငါးပွဲသရေ၊ ခုနစ်ပွဲရှုံး ထားကာ ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၁၈ နေရာတွင် ရပ်တည် လျက်ရှိသည်။                     

သူရိန်






အခြားဆက်စပ်သတင်းများ