နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘယ်လင်ဟမ်ကိုခေါ်ယူရန် လီဗာပူးနီးစပ်

ဒီဇင်ဘာ  ၁၆

ဒေါ့မွန်အသင်း၏ အင်္ဂလန် ကစားသမား ဘယ်လင်ဟမ်ကို ရီးရဲလ်မက်ဒရစ် အသင်းထက် လီဗာပူးအသင်းက ခေါ်ယူရန် ပိုမိုနီးစပ်နေကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ဘာမင်ဂမ် အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကြေးယူရို ၂၆ သန်း ဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ် ပြီး ယခုနှစ် ဘောလုံးရာသီတွင် ဒေါ့မွန်အသင်းနှင့်အတူ အကောင်း ဆုံး ခြေစွမ်းပြသလျက်ရှိသကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန် အသင်းနှင့်အတူ ထိပ်တန်း အဆင့်ရှိ ခြေစွမ်းပြသခဲ့သည့် အတွက် ဥရောပအသင်းကြီး များက လာမည့်ဇန်နဝါရီ ကစား သမား အပြောင်းအရွှေ့ကာလ တွင် အပြိုင်ကမ်းလှမ်းရန် ပြင် ဆင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ဘယ်လင်ဟမ် ကို ရီးရဲလ်မက်ဒရစ်အသင်း ကခေါ်ယူရန် ပြင်ဆင်နေသော်  လည်း ကစားသမား၏ မိသားစု ဝင်များနှင့် အေးဂျင့်တို့က လီဗာ ပူးအသင်းတွင်သာ ပြောင်းရွှေ့ ကစားစေလိုသည့်အတွက် ယင်း အနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်း ထက် လီဗာပူးအသင်းသို့ ပြောင်း ရွှေ့ကစားနိုင်ဖွယ် ရှိနေခြင်းဖြစ် သည်။                           

သူရိန်






အခြားဆက်စပ်သတင်းများ