နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်တွက်ဆမရသော သဘာဝဘေး

သဘာဝဘေးဟူသည် ရှောင်လွှဲ၍ မရသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းနှင့်  မြန်မာနိုင်ငံပြင်ပရှိ  နိုင်ငံများတွင် အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက်လှုပ်ရှားလာ သည်။

ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၃ နာရီ ၁၇ မိနစ်ခန့်က မန္တလေး မြေငလျင်စခန်း၏ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့် အင်အား အသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ကျေးရွာရှိ မြသိန်းတန်စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ် နားတော် ပြုတ်ကျခြင်း၊ စေတီတော်၏အရှေ့ဘက် ခေါင်းလောင်း မှောက် အောက်ခြေမှ အထက် သပိတ်တော်အထိ ပေ ၄၀ ခန့် အက်ကြောင်း ဖြစ်ပေါ်ခြင်း၊ အရှေ့ဘက် သီတာခုနစ်တန် မုခ်ဦး၏ ခြောက်ခုမြောက် မုခ်ဦးအနည်းငယ်ကွဲအက်ခြင်း၊ ခုနစ်ခုမြောက် မုခ်ဦးအထက် တံတိုင်းအနည်းငယ်ကွဲအက်ခြင်း၊ ဥမင်ကိုးဆယ် ဘုရားအနည်းငယ် ကွဲအက်ခြင်း၊ လေးကျွန်းမာန်အောင်ဘုရား မဏ္ဍိုင် ကွေးသွားခြင်း၊ လောကမာရဇိန်ဘုရား စိန်ဖူးတော်မြေခခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း တည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာ မြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ သိရှိစိတ်ဝင်စား ကြသော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံအလယ်မှ ဖြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိနေသည်။ 

မြေငလျင်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရသော သဘာဝဘေး တစ်ခုဖြစ်ကြောင်း ငလျင်ပြင်းဒဏ်ကြီးမားသော် ပျက်စီးဆုံးရှုံးမှု များတတ်သည်။

ငလျင်ဒဏ်သင့် ဒေသများရှိ ထိခိုက်ပျက်စီးခဲ့ရသော သာသနိက အဆောက်အအုံများ၊ စေတီပုထိုးများ ပြန်လည်ပြုပြင်ခြင်း၊ အိုးအိမ် များ တည်ဆောက်ခြင်းကို နိုင်ငံတော်နှင့် ပြည်သူများ၏ စွမ်းအား ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ကြရမည် ဖြစ်သည်။

မြေငလျင်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့် ပါကြောင်း။






အခြားဆက်စပ်သတင်းများ