နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေလင်ပန်းစက်မှုဇုန်ရှိပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စု ၂၅၀ဝ ကိုစားသောက်ကုန် ပစ္စည်းများ ဆက်လက်လှူဒါန်းမည်

ရန်ကုန် ဧပြီ ၅ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်းပေါင်း ၂၉ ဇုန်တွင် လှိုင်သာယာစက်မှုဇုန်၌ စက်ရုံ လုပ်သားအများဆုံးဖြစ်ရာ စက်မှုဇုန်ပေါင်း ၈ ဇုန်တွင် ရွှေလင်ပန်းစက်မှုဇုန်သည် စက်ရုံလုပ်သား နှစ်သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသောကြောင့် ထိုစက်ရုံလုပ်သားအချို့နှင့် ဆက်နွယ်လျက်ရှိသော ရွှေ့ပြောင်းနေထိုင်သူ နှစ်ထောင်ကျော်နေထိုင်လျက်ရှိရာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ၌ ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌနှင့် အလှူရှင်တို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက်ပေးဝေလှူဒါန်းခဲ့ပြီး ဧပြီ ၇ ရက်နှင့် သင်္ကြန်ပြီးကာလတွင်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။ ရွှေလင်ပန်းစက်မှုဇုန်တွင် နိုင်ငံတကာသို့တင်ပို့နေသော နိုင်ငံ့အခွန်ထမ်း စက်ရုံများရှိသောကြောင့် အလှူရှင်များစုပေါင်း၍ အိမ်ထောင်စု ၂၅၀ဝ အား တစ်အိမ်လျှင် ဆန်နှစ်ပြည်၊ ၅၀ သား ဆီတစ်ပုလင်း၊ ကာဘော်လစ်ဆပ်ပြာတစ်တောင့်၊ ကြက်ဥငါးလုံးနှင့် အိုင်အိုဒင်းဆားတစ်ထုပ်တို့ကို တစ်ဖွဲ့လျှင်လူ ၁၅ ဦးပါဝင် သော ယာဉ်ရှစ်စီးဖြင့် စမတ်ကတ်ကိုင်ဆောင်ထားသူအားလုံးကို အိမ်တိုင်ရာရောက်တစ်နေ့တည်းပေးဝေခဲ့ သည်။ ပြည်ပမှပြန်လည်ရောက်ရှိလာသူများကို ၁၄ ရက်စောင့်ကြည့်နိုင်ရန် ရွှေလင်ပန်းစက်မှုဇုန်နှင့်စက်မှုဇုန် များမှ အလှူငွေများထည့်ဝင်ခဲ့ကြသည့်နည်းတူ ရွှေလင်ပန်းစက်မှုဇုန်အတွင်းနေထိုင်လျက်ရှိသော ရွှေ့ပြောင်း နေထိုင်သူများကိုလည်း အိမ်အတွင်းနေထိုင်ရာ၌ စားသောက်မှုအဆင်ပြေစေရန်နှင့် မဖြစ်မနေသွားရောက် ရမည့်ကိစ္စရှိမှသာ အပြင်သွားရောက်ကြရန် တစ်ပြိုင်တည်းအသိပညာပေးလျက် အခြေခံစားသောက်ကုန် များကို လှူဒါန်းပေးဝေခဲ့ခြင်းဖြစ်ရာ မတ် ၃၀ ရက်ကပေးဝေလှူဒါန်းခဲ့၍ ဧပြီ ၇ ရက်နှင့် သင်္ကြန်ပြီးတွင်လည်း အလှူရှင်များစုပေါင်းအားဖြင့် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ - ကနူး - ( ၁၁၂ )






အခြားဆက်စပ်သတင်းများ