နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး ဘက်စုံထောင့်စုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး

ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ၁၉၀ ခန့်သည် မူးယစ်ဆေးဝါးပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ၂၀၂၂ ခုနှစ် UNDOC မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် အရှေ့နှင့် အရှေ့တောင်အာရှဒေသတွင် မက်သ်အဖက်တမင်းသည် အဓိက ပြဿနာအဖြစ် တည်ရှိနေကြောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းများ သည် အရေးကြီးသကဲ့သို့ တရားဝင်ခွင့်ပြုချက်နှင့် တင်သွင်းလာသည့် ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး အထူးကြပ်မတ်သွားရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်ရေးဆွဲဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိမှုများ နှစ်စဉ် တိုးမြှင့်လာသည်။

အထူးစစ်ဆင်ရေးများကို ၃၇ ကြိမ်တွင် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၂၇၆ မှုတွင် ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန် ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကတ်တမင်း ၂ ဒသမ ၀၄ တန်ကျော် အပါအဝင် အခြားမူးယစ်‌ဆေးဝါး၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအပါအဝင်  ဆက်စပ်ပစ္စည်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်၍ ငွေကြေး စုံစမ်းရေးအဖွဲ့သို့ အမှုပေါင်း ၂၉ မှုနှင့် ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၂၆ မှု လွှဲပြောင်းပေးခဲ့ခြင်း၊ မူးယစ်ဆေးဝါးများ စွမ်းစွမ်းတမံ ဆောင်ရွက် ဖမ်းဆီးမှုများတွင် ပါဝင်သူများကို ရာထူးတိုးမြှင့်ပေးခြင်း၊ အရာထမ်း ကောင်းလက်မှတ်နှင့် ဆုကြေးငွေချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မသမာမှုများကို အရေးယူလျက်ရှိသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးတွင် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး ပြည်သူ လူထုနှင့်အခြားသော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် တက်ညီလက်ညီ ပါဝင်မှ လျော့နည်းပပျောက်မည်ဖြစ်သည်။ တားဆီးနှိမ်နင်းရေး ကဏ္ဍတစ်ခုတည်း အောင်မြင်ရုံမျှဖြင့် ကျေနပ်နေ၍မရဘဲ မူးယစ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ လုပ်ငန်း ၁၁ ဖွဲ့နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် မူးယစ်တားဆီးကာကွယ် ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးတွင် စဉ်ဆက်မပြတ် ဘက်စုံထောင့်စုံမှ ပူးပေါင်းဆောင်ရွက်သွား            စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ