နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်ရိုကိုအသင်းကိုအနိုင်ရပြီး ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့သည့် ပြင်သစ်

ဒီဇင်ဘာ ၁၅

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်  ပြင်သစ်အသင်းနှင့် မော်ရိုကို အသင်းတို့ ယနေ့နံနက် အစော ပိုင်းက Al Bayt  ကွင်း၌ ယှဉ်ပြိုင် ကစားရာ ပြင်သစ်အသင်းက မော်ရိုကိုအသင်းကို နှစ်ဂိုး၊ ဂိုး မရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက် တက်လှမ်းနိုင်ခဲ့ ကြောင်း သိရသည်။

ပြင်သစ်အသင်းသည် ကမ္ဘာ့ ဖလားဗိုလ်လုပွဲသို့ လေးကြိမ် မြောက် တက်ရောက်ခဲ့ပြီး ၁၉၉၈ နှင့် ၂၀၁၈ ခုနှစ် ပြိုင်ပွဲ များတွင် ဗိုလ်စွဲထားနိုင်ခဲ့သည်။

ပွဲကစားချိန် ငါးမိနစ်တွင် အမ်ဘာပေ၏ ဂိုးရရှိရေးကြိုးပမ်း မှုကို တားဆီးခဲ့သည့် မော်ရိုကို ခံစစ်၏ လစ်ဟာမှုမှတစ်ဆင့် ဟာနန်ဒက်ဇ်က ပြင်သစ် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။

ထို့နောက် ပွဲကအကြိတ် အနယ်ပိုရှိခဲ့ပြီး နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်မှု များဖြင့် ပြိုင်ဆိုင်မှုပြင်းထန် ခဲ့သည်။ မော်ရိုကို အသင်းက ချေပဂိုးရရှိရေး ကြိုးပမ်းခဲ့ပြီး အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ သော်လည်း ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ခြင်း မရှိသောကြောင့် ပြင်သစ်အသင်း၏ ဦးဆောင် ခြင်းကို ခံခဲ့ရပြီး ဆီမီးဖိုင်နယ် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ သည်။

ပြင်သစ်အသင်းက မော်ရို ကို အသင်း၏ တိုက်စစ်ဆင်မှုကို ကာကွယ်ရင်း ဂိုးထပ်မံရရှိရေး ပြန်လည်ကြိုးပမ်းခဲ့ရာ ၇၉ မိနစ် တွင် မူအာနီက ဒုတိယမြောက် ဂိုးကို သွင်းယူပေးခဲ့သည်။

ပြင်သစ်အသင်းကို ယှဉ်ကစား နိုင်ခဲ့သည့် မော်ရိုကိုအသင်း၏ အသင်းလိုက်ကစားပုံက ချီးကျူး စရာ ကောင်းခဲ့သော်လည်း အတွေ့အကြုံ ပိုမိုများပြားသည့် ပြင်သစ်အသင်းကသာ အမှား အနည်းဆုံးဖြင့် ကစားခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ ခြင်းဖြစ်သည်။

၂၀၂၂  ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အာဂျင် တီးနားအသင်းနှင့် ပြင်သစ် အသင်းတို့ တွေ့ဆုံလျက်ရှိပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကာ တတိယ နေရာလုပွဲအဖြစ် ဒီဇင်ဘာ ၁၇ ရက်တွင် ခရိုအေးရှားအသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင် ကစား ရမည်ဖြစ်ကြောင်း သိရ သည်။ 

သူရိန်






အခြားဆက်စပ်သတင်းများ