နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vivo V19 Neo စမတ်ဖုန်းကို ကြေညာ

ဇွန်  ၁၅


Vivo က V စီးရီး စမတ်ဖုန်းသစ်ဖြစ်သည့် Vivo V19 Neo ကို ကြေညာလာသည်။ Vivo V19 Neo မှာ မျက်နှာပြင် ၆ ဒသမ ၄၄ လက်မ Super AMOLED Ultra O FullHD+ Resolution သုံးထားပြီး In-Screen Fingerprint Reader ထည့်သွင်းထားသည်။


Vivo V19 Neo မှာ Android 10 အခြေပြု Funtouch OS 10 သုံးထားပြီး Snapdragon 675 SoC ၊ RAM 8GB နှင့် Storage 128GB သုံးထားသည်။ ဘက်ထရီ 4500 mAh ပါဝင်ပြီး USB Type C မှတစ်ဆင့် 18W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။


မျက်နှာပြင်အပေါ် ညာထောင့်မှ Punch-Hole မှာ ရှေ့ကင်မရာ 32MP ထည့်သွင်းထားသည်။ Super Night Mode ၊ Super Night Selfie စသည့်စနစ်များ ပါဝင်သည်။ ကျောဘက်မှာ ကင်မရာလေးလုံးကို L ပုံစံဖြင့် ထည့်သွင်းထားပြီး 48MP + 8MP Ultrawide + 2MP Macro + 2MP Depth တို့ဖြစ်သည်။


Vivo V19 Neo ကို Admire Blue နှင့် Crystal White အရောင်တို့ဖြင့် ရွေးချယ်နိုင်ကာ ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၃၆၀ သတ်မှတ်ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ