နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်သည် စိုက်ပျိုးရေးကို အထူးအလေးထား အားပေး သကဲ့သို့  ပြည်တွင်းကုန်ထုတ်လုပ်မှု  စီးပွားရေးကို  အားပေး ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ဝယ်လိုအားတက်လာမည်ဖြစ် ရာ ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး ကုန်ထုတ်လုပ်မှု များ တိုးတက်လာမည်ဖြစ်သည်။

"ကုန်ဈေးနှုန်းမြင့်တက်လာမှုမှာ ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့် ခြင်း၊ သယ်ဆောင်မှုစရိတ်မြင့်မားခြင်း၊ ရောင်းလိုအားနှင့် ဝယ်လို အား မျှတမှုမရှိခြင်းများကြောင့် ဖြစ်ကြောင်း" နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီဇင်ဘာ ၁၃ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အား မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရေခံမြေခံကောင်းများ ပိုင်ဆိုင်ထားသော ဒေသများတွင်                  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ ထုတ်ကုန်များ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိရာ တစ်ဦးချင်းအကျိုးစီးပွားမှ နိုင်ငံ့ အကျိုးစီးပွားတိုးတက်လာမည်ဖြစ်သည်။

ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ပိုင်တနိုင် အလေ့အထအဆင့်မှ ဈေးကွက်ဝင် သီးနှံအမယ်များကို ရွေးချယ်စိုက်ပျိုး၍ စီးပွားဖြစ်စိုက်ကွင်းများ ထူထောင်ကာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးစနစ်ဖြင့် စီးပွား ဖြစ် သီးနှံအမယ်များစိုက်ပျိုးပြီး ဈေးကွက်အရောက် တင်ပို့ရောင်းချ သည့် အဆင့်အထိ ပြောင်းလဲဖော်ဆောင်ရပေမည်။

နိုင်ငံတော်က စားသုံးဆီဖူလုံရေး ဆောင်ရွက်ရာတွင် နေကြာ သီးနှံစိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံများ တိုးတက် စိုက်ပျိုးရေးအတွက် နိုင်ငံတော်မှ ရန်ပုံငွေများ ချထားပေးခြင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စိုက်ပျိုးသည့်ဧကအပေါ် မူတည်၍ ချေးငွေများ ရယူနိုင်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက မျိုးကောင်း မျိုးသန့်ရရှိရေး၊ သွင်းအားစုများရရှိရေး ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ ထွက်ရှိလာသော သီးနှံများကိုလည်း ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူနိုင်ရေး စီစဉ်ပေးလျက်ရှိသည်။ အမှန်တကယ် အလုပ်လုပ်မည့်သူ များစွာလိုအပ်ပြီး အခွင့်အရေးသမားများ မလို အပ်ပေ။

မြန်မာတစ်နိုင်ငံလုံးတွင် ဆောင်းသီးနှံ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေအောက်ရေ စက် ရေတွင်းပေါင်း ၂၈ တွင်း၊ မြစ်ချောင်း၊ အင်း၊ မြောင်းတို့မှ ဆိုလာ ရေတင်စနစ်လုပ်ငန်းပေါင်း ၉၆ ခုဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း များအား သက်ဆိုင်ရာဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။

စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်း များကို ဒေသအတွင်း အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးဘဝ တိုးတက်လာမည်ဟု ဆိုချင်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ