နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ အောင်မြင်စွာကျင်းပရေး ပူးပေါင်းဆောင်ရွက်

၂၀၂၃ ခုနှစ် စိန်ရတုလွတ်လတ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ်၊ မဟာမြိုင်ကျွန်း၊ ဆင်ဖြူတော်ရုပ်တုများ အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံနှင့် ပန်းမန်များ ပိုမိုစုံလင်စွာ ပြိုင်ပွဲဝင်နိုင်ရေး၊ အများပြည်သူများ ပိုမို ပြည့်စုံစွာ ခင်းကျင်းပြသနိုင်ရေး ပညာပေးအစီအစဉ်များ ပိုမိုဆောင်ရွက်နိုင် ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ  ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှစ၍ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးခြင်း လုပ်ငန်းများကို အများပြည်သူ စိတ်ပါဝင်စားလာစေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးရေး အဆင့်မြင့်နည်းပညာများ အများ ပြည်သူလေ့လာနိုင်စေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားဖြန့်ဝေပေးနိုင်စေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးထုတ်လုပ်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များ စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ‌တော်၏ စီးပွားဖွံ့ဖြိုးမှုအထောက်အကူပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၀ ပြည့်နှစ်ထိ ကျင်းပခဲ့သည်။ ၂၀၂၁-၂၀၂၂ ခုနှစ် များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် ကျင်းပမှုရပ်ဆိုင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန်ပြပွဲ ပြိုင်ပွဲကို ပြပွဲပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ အကဲဖြတ်နှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံ ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေး ဖိတ်ကြားရေးနှင့် ကြိုဆို      နေရာချထားရေးလုပ်ငန်းကော်မတီနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များ ယှဉ်ပြိုင်ကြမည့်အပြင် ပန်းအလှပြင်ခြင်း၊ သစ်သီးအလှပြင်ခြင်း အပါအဝင် ပြိုင်ပွဲပေါင်း ၂၄ မျိုး ပါဝင်မည်ဖြစ်သည်။

"ယခုကျင်းပမည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ" ပြိုင်ပွဲသည် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျင်းပခြင်းဖြစ်သည့်အပြင် ယခင်က ကျင်းပခဲ့သည့်ပြပွဲ ပြိုင်ပွဲများထက် အနှစ်သာရပြည့်ဝစွာ ခုနစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ် သဖြင့် ပြပွဲ၊ ပြိုင်ပွဲသို့ လာရောက်ပြသ ယှဉ်ပြိုင်ကြမည့် ပန်းဝါသနာရှင်များ နှင့် လုပ်ငန်းရှင်များအနေဖြင့် ပြပွဲ၊ ပြိုင်ပွဲကြီးကို စည်စည်ကားကား၊ အောင်မြင်ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ (၁) တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေချင်ကြောင်း။   






အခြားဆက်စပ်သတင်းများ