နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် ကန့်သတ်မှုစည်းမျဉ်းအများအပြားကို ရုပ်သိမ်း

ဇွန် ၁၅  ပါရီ


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရန် ချမှတ်ထားသည့် စည်းမျဉ်းအများအပြားကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ဇွန်လ ၁၅ ရက်ကစ၍  ကဖေးဆိုင်များ၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ပြီး အခြားဥရောပနိုင်ငံများကိုလည်း ခရီးသွားခွင့်ပေးတော့မည်ဖြစ်သည်။ ထို့အပြင် စောင့်ရှောက်ရေးဂေဟာတွင် မိသားစုဝင်တစ်ဦးဦးရှိပါက သွားရောက်လည်ပတ်ခွင့်ရရှိမည်ဟု ဆိုသည်။ စောင့်ရှောက်ရေးဂေဟာများမှာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရခြင်းကြောင့် အစောပိုင်းတွင် သွားရောက်ခွင့်ပိတ်ပင်ခဲ့သည်။ ဇွန်လ ၁၅ ရက်တွင် ဥရောပနိုင်ငံအများအပြားကလည်း အခြားဥရောပနိုင်ငံများနှင့် ထိစပ်နေသည့် ယင်းတို့၏နယ်စပ်ကို ပြန်လည်ဖွင့်လှစ်မည်ဟု ဆိုသည်။


ပြင်သစ်နိုင်ငံမှာ ပထမဆုံးအောင်ပွဲ ရရှိပြီဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ပျံ့နှံ့ လာနိုင်သေးသည်ဟု မက်ခရွန်က သတိပေးခဲ့သည်။ ယခုလအစောပိုင်းကတည်းက ပြင်သစ်နိုင်ငံတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများနှင့်အညီ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ကဖေးဆိုင်များကို ပြန်ဖွင့်ခွင့်ပေးခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးတွေ့ရှိသည့် ပါရီမြို့မှာ ဇွန်လ ၁၅ ရက်မှသာ ဆိုင်များ ပြန်ဖွင့်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ အထက်တန်းကျောင်းများကလွဲ၍ အခြားကျောင်းများကို ဇွန်လ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။                                       


(KNT)






အခြားဆက်စပ်သတင်းများ