နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုန့်လုပ်ငန်းများရပ်နားထားရ၍ ပြည်တွင်း ကြက်ဥဈေးကွက် ထိခိုက်နေ

ရန်ကုန် ဧပြီ ၅ COVID-19 ကပ်ရောဂါရိုက်ခတ်မှုကြောင့် စားသောက်ဆိုင်များတွင် ပါဆယ်များသာ ရောင်းချနေရသဖြင့် မုန့်လုပ်ရာတွင် အဓိကဝယ်ယူသုံးစွဲနေသော ကြက်ဥများကို လျှော့ချဝယ်ယူလာသဖြင့် ကြက်ဥစားသုံးမှု သိသာစွာလျော့ကျနေပြီး ဥစားကြက်မွေးသူများအခက်တွေ့နေကြောင်း မြန်မာနိုင်ငံကြက်ဘဲ မွေးမြူ ထုတ်လုပ်ရေးအသင်းမှ သိရသည်။ COVID-19 ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လက်ဖက်ရည်ဆိုင်များမှအစ စားသောက်ဆိုင်၊ ကော်ဖီဆိုင်များအထိ အဆက်မပြတ်ရောင်းချနေရသော ကြက်ဥရောင်းချရမှု ကျဆင်းနေရခြင်းဖြစ်ပြီး ယင်းသို့ဖြစ်ပွားခြင်းမှာ ကြက်ဥဈေးကွက်ကို တိုက်ရိုက်ထိခိုက်နေခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က ကြက်ဥတစ်ပိဿာလျှင် ကျပ် ၂၅၀ဝ အထက်တွင်ရှိခဲ့ရာက ယနေ့တွင် တောင်ကြီးတွင် တစ်ပိဿာ ၁၇၀ဝ ခန့်နှင့် ရန်ကုန်တွင် ၁၉၀ဝ ခန့်သာရှိပြီး ခြံမှထွက်သည့်ကြက်ဥများကို ဒိုင်များကအကုန်မသိမ်းသည်အထိဖြစ်လာခဲ့ကြောင်း ကြက်ဥတစ်ပိဿာတွင်ပျမ်းမျှ ၂၅ လုံးမှ ၂၇ လုံးခန့်အထိရှိကြောင်း ယင်းကဆက်လက်ပြောသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ