နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးကစားသမား လူးဝစ်ဒီးယက်ဇ် ဒူးဒဏ်ရာကြောင့် အနားယူရမည်

ဒီဇင်ဘာ  ၁၂

လီဗာပူးအသင်း တိုက်စစ် ကစားသမား လူးဝစ်ဒီးယက်ဇ် သည် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင်ရရှိခဲ့သည့် ဒူး ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်၊ မတ်လအထိ အနားယူရ မည်ဖြစ်ကြောင်း သိရသည်။

လူးဝစ်ဒီးယက်ဇ်သည် နိုဝင် ဘာ ၂၃ ရက်က ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ချန်ပီ ယံလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ သဖြင့် လူစားလဲ ထွက်ခွာခဲ့ရပြီး နောက် ယင်း၏ ဒဏ်ရာကို စကန်ဖတ်စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ခွဲစိတ်ကုသမှုခံယူရန် မလို အပ်ကြောင်း အသင်းဆရာဝန် က ထုတ်ပြန်ခဲ့ပြီး ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာ လာ၍ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်ခဲ့ရာ ဒူး ဒဏ်ရာထပ်မံရရှိခဲ့သဖြင့် ခွဲစိတ် ကုသမှုခံယူရမည်ဖြစ်သည်။

ထို့ကြောင့် လူးဝစ်ဒီးယက်ဇ် သည် မတ်လမတိုင်မီ လီဗာပူး အသင်းကစားရမည့် ပရီးမီးယား လိဂ်ပွဲစဉ် ၁၀ ပွဲခန့် လွဲချော်မည် ဖြစ်သည်။ လက်ရှိ လီဗာပူး အသင်းတွင် တောင်ပံတိုက်စစ် ကစားသမားဖြစ်သည့် ဂျိုတာ မှာလည်း ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည်။   

သူရိန်






အခြားဆက်စပ်သတင်းများ