နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်ကစားသမား ဂါနာချိုကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်း ပြင်ဆင်

ဒီဇင်ဘာ   ၁၂

ရီးရဲလ်မက်ဒရစ် အသင်း သည် မန်ယူအသင်း၏ လူငယ် ကစားသမား ဂါနာချိုကိုခေါ်ယူ ရန် ပြင်ဆင်နေကြောင်း သိရ သည်။

ဂါနာချိုသည် ယခုနှစ် ဘောလုံးရာသီတွင် မန်ယူလူငယ် အသင်းမှ စီနီယာအသင်းကြီး သို့ ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ ၁၀ ပွဲပါဝင်ခဲ့ရာ သွင်းဂိုးနှစ်ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ပုံစံကောင်းပြသ နေသည့်အတွက် ရီးရဲလ် မက်ဒရစ်အသင်းက အနာဂတ် စီမံကိန်းအတွက် ခေါ်ယူလိုနေ ခြင်းဖြစ်သည်။

သို့သော် မန်ယူအသင်းက လာမည့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ယင်းတို့၏ လူငယ်ကစားသမား ကို လက်မလွှတ်လိုသည့်အတွက် လက်ရှိ ရရှိနေသည့် တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် ၅၀၀၀ မှ ၅၀၀၀၀ အထိတိုးမြှင့် ၍ ၂၀၂၇ ခုနှစ်ထိ စာချုပ်သစ် ချုပ်ဆိုနိုင်ရန် ကစားသမား၏ အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးမှု များပြုလုပ်လျက်ရှိသည်။

မက်ဒရစ်မြို့တွင် မွေးဖွားခဲ့ သည့် ဂါနာချိုသည် ၂၀၂၀ ပြည့်နှစ်က အေတီကိုအသင်းမှ မန်ယူလူငယ်အသင်းသို့ စတာ လင်ပေါင် ၄၂၀၀၀၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သော်လည်း ယင်းအနေဖြင့် မက်ဒရစ်မြို့သို့ ပြန်ရန် ဆန္ဒရှိနေသောကြောင့် ရီးရဲလ်မက်ဒရစ် အသင်း၏ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေသည်။              သူရိန်






အခြားဆက်စပ်သတင်းများ