နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်

မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူလအခြေအနေ နှင့်   ကိုက်ညီသောလယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုဖော်ဆောင်လျက်ရှိရာ အောင်မြင်မှုလမ်းစ များကို မြင်တွေ့နေရပြီဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် မူလကဓားမဦးချမရိုးဖလာ စိုက်ပျိုးရေးနည်းဖြင့် ဆောင်ရွက်လာကြရာ    အကြောင်း အမျိုးမျိုးသောအခက်အခဲများ၊ ခေတ်မမီသည့်စိုက်ပျိုးရေး နည်းစနစ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တိုးတက်မှု နှေးကွေးသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် စားဝတ်နေရေးဖူလုံရေး အတွက် စဉ်ဆက်မပြတ်အားပေးကူညီလျက်ရှိသည်။ ဒေသ တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏စားသောက်ရေး ကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့များ၌   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့တွင် ဝက်၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွားနှင့်   ဆိတ်မွေးမြူရေးခြံများ၊       ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။ 

အလားတူပြည်နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် နွေစပါးစိုက်တောင်သူများအား ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများ ထောက်ပံ့ ပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ကောက်စိုက်စက်တစ်စီးသည် ဧကကွက်တွင် ခြောက် ဧကစိုက်ပျိုးနိုင်ကာ တောင်သူများ၏ လယ်ကွက်များတွင် ၄ ဒသမ ၅ ဧကခန့် စိုက်ပျိုးနိုင်ကာ တစ်ဧကကုန်ကျစရိတ် ၄၅၀၀၀ ကျပ်၊ ကောက်စိုက်သမလုပ်အားခနှင့် နှိုင်းယှဉ်ပါက တစ်ဝက်ခန့်သက်သာသည်။ ယင်းအပြင် အချိန်မီထွန်ယက် စိုက်ပျိုးနိုင်ခြင်းအကျိုးအမြတ်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ် ကို သက်သာစေမည်ဖြစ်သည်။ စက်မှုလယ်ယာဦးစီးဌာနမှ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ထားသောစပါးပျိုးပင်များအား ကူဘိုတာခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုး ခြင်းဖြစ်သည်။ 

နွေစပါးစိုက်တောင်သူလယ်သမားများ လက်တွေ့ကျကျ ဝင်ငွေတိုးတက်ရရှိခံစားနိုင်စေရန်နှင့်   ရေရှည်တည်တံ့ရန် အတွက် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ  သုံးစွဲခြင်း ဖြင့် ဒေသတွင်းစိုက်ပျိုး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေခြင်းကြောင်း ။  






အခြားဆက်စပ်သတင်းများ