နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂလာဘတ်ဂိုးသမား ဆိုမာကို ခေါ်ယူရန် မန်ယူအသင်း ကြိုးပမ်း

 ဒီဇင်ဘာ  ၁၁

မန်ယူအသင်းသည် ဂိုး သမား ဒီဂီယာ၏နေရာတွင် အစားထိုးနိုင်ရန်အတွက်ဂလာ ဘတ်အသင်း ဂိုးသမားဆိုမာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေ ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဦးစား ပေး ဂိုးသမား ဒီဂီယာမှာအသင်း တွင်ဆက်ရှိရန် မသေချာသော ကြောင့် ယင်း၏ နေရာတွင် အစားထိုးနိုင်ရန် နည်းပြ တန်ဟတ်က ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဆွစ်ဇာလန်အသင်း ကို ၁၆ သင်း ရှုံးထွက်အဆင့် သို့ရောက်ရှိအောင် ပို့ဆောင် ပေးခဲ့သည့် ဂိုးသမားဆိုမာကို ခေါ်ယူရန် ပစ်မှတ်ထားနေ ခြင်းဖြစ်သည်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဂိုးသမား ဆိုမာသည် ၂၀၀၆ ခုနှစ်တွင် ဘေဆယ်အသင်းနှင့် ကစားသမားဘဝကို စတင်ခဲ့ ပြီးနောက် အငှားစာချုပ် ဖြင့်သာ အချိန်ကုန်ခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် ဂလာဘတ်အသင်းသို့ ရောက်ရှိခဲ့ရာ ပြိုင်ပွဲစုံ ၃၃၅ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နေသူဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ