နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ်တူဂီကို အနိုင်ရပြီး ဆီမီးဖိုင်နယ် ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သည့် မော်ရိုကို

ဒီဇင်ဘာ  ၁၁

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် မော်ရိုကိုအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယမန်နေ့ ညပိုင်းက Al Thumama ကွင်း ၌ ယှဉ်ပြိုင်ကစားရာ မော်ရိုကို အသင်းက ပေါ်တူဂီ အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်လှမ်းနိုင် ခဲ့ကြောင်း သိရသည်။

ထိပ်သီးအသင်းများနှင့် တွေ့ဆုံတိုင်း ပုံစံကောင်းပြသ နေသည့် မော်ရိုကိုအသင်းက ယခုပွဲစဉ်တွင်လည်း ခံစစ် အသားပေးပုံစံ ကစားကာ တန်ပြန်တိုက်စစ်ပုံစံဖြင့်ပေါ်တူဂီ အသင်းကို ရင်ဆိုင်ခဲ့သည်။

မော်ရိုကိုအသင်း၏ အသင်းလိုက်ကစားပုံနှင့် တစ်ဦးချင်း စွမ်းဆောင်ရည်က အကောင်းဆုံးပုံစံတွင် ရှိနေခဲ့ပြီး ခံစစ်ပိုင်းမှာလည်း တည်တည် ငြိမ်ငြိမ်ရှိခဲ့သောကြောင့် ပေါ်တူဂီအသင်းအတွက် ခက်ခဲ သည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်။

ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကို စိုးမိုးနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၄၂ မိနစ်တွင် ဘယ် တောင်ပံ ပေးပို့မှုကတစ်ဆင့် အန်နဆရီက အပိုင်ခေါင်းတိုက် ပြီး မော်ရိုကိုအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ 

ထို့နောက် ပေါ်တူဂီအသင်း က ဂိုးရရှိရေး တရစပ် တိုက်စစ် ဆင်ကစားခဲ့ပြီး အခွင့်အရေး များ ဖန်တီးနိုင်ခဲ့သော်လည်း မော်ရိုကိုအသင်းက ခံစစ်မာ ကျောမှု၊ အသင်းလိုက်ကစားပုံ ညီညွတ်မှု ဂိုးသမား ဘိုနိုလက် စွမ်းပြမှုနှင့်အတူ နိုင်ပွဲတစ်ပွဲ ဖန်တီးနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။မော်ရိုကိုအသင်း သည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း တစ်လျှောက် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ သည့် ပထမဆုံး အာဖရိက အသင်းအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့သည်။

ထို့ပြင် အင်္ဂလန်အသင်းနှင့် ပြင်သစ်အသင်းတို့ ပွဲစဉ်တွင် ပြင်သစ်အသင်းက နှစ်ဂိုး၊တစ် ဂိုးဖြင့် အနိုင်ရရှိပြီးဆီမီးဖိုင် နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ သည်။ ပြင်သစ် အသင်းအတွက် အနိုင်ဂိုးများကို ၁၇ မိနစ် တွင် ချူအာမန်နီ နှင့် ၇၈ မိနစ်တွင် ဂျရူးဒ်တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်ပြီး အင်္ဂလန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုး ကို ၅၄ မိနစ်တွင် ပင်နယ်တီက တစ်ဆင့် ဟာရီကိန်းက သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။ 

အင်္ဂလန်အသင်းသည် ၈၄ မိနစ်တွင် ဒုတိယအကြိမ် ပင်နယ်တီ ထပ်မံရရှိခဲ့သော် လည်း တိုက်စစ်မှူး ဟာရီကိန်း ဂိုးမဝင်ခဲ့ခြင်းကြောင့် ကွာတား ဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ် ခဲ့ရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီး ဖိုင်နယ်အဆင့်တွင် ပြင်သစ် အသင်းနှင့် မော်ရိုကို အသင်းတို့ တွေ့ဆုံလျက်ရှိပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။             

သူရိန်






အခြားဆက်စပ်သတင်းများ