နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရထားခရီးစဉ်များ ဇွန်လလယ်မှစတင်၍ တိုးချဲ့ပြေးဆွဲ

ရန်ကုန်   ဇွန်    ၁၅


မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသည်များအဆင်ပြေစေရေးနှင့် Covid-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ လမ်းညွှန်ချက်များနှင့်အညီ ဇွန် ၁၆ ရက်မှစတင်ကာ ခရီးဝေးရထား များနှင့် ရန်ကုန်မြို့ပတ်ရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ လက်ရှိပြေးဆွဲလျက်ရှိသောရထားများအပြင် ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့်ရထားခရီးများကို အောက်တွင် ဖော်ပြပေးထားသည်။


ခရီးဝေးပြေးဆွဲပေးမည့်ရထားခရီးစဉ်များမှာ ရန်ကုန် - မန္တလေးလမ်းပိုင်း အမှတ် ၅ အဆန်ရထားသည် ရန်ကုန်မှ ညနေ (၃) နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး  အမှတ်၆ အစုန်ရထားသည် မန္တလေးမှ ညနေ ၃ နာရီတွင် စတင်ထွက်ခွာပေးမည်။


ရန်ကုန် - မော်လမြိုင်လမ်းပိုင်း အမှတ် ၈၁ အဆန်ရထားသည် ရန်ကုန်မှ ည ၈ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပေးမည်ပြီး အမှတ် ၈၂ အစုန်ရထားသည် မော်လမြိုင်မှ ည ၈ နာရီတိတိတွင် ထွက်ခွာပေးမည်ဖြစ် သည်။  ရန်ကုန် - ပြည်လမ်းပိုင်း အမှတ် ရ၁ အဆန်ရထားသည် ရန်ကုန်မှ မွန်းလွဲ ၁ နာရီတိတိတွင်ထွက်ခွာ မည်ဖြစ်ပြီး အမှတ် ၇၂ အစုန်ရထားသည် ပြည်ဘူတာမှ ည ၁၀ နာရီခွဲအချိန်တွင် ထွက်ခွာပေးမည်ဖြစ်သည့် အပြင်  မန္တလေး - မြစ်ကြီးနား လမ်းပိုင်းအမှတ် ၅၇ အဆန်ရထားသည် မန္တလေးမှ မနက် ၈နာရီ ၄၅ မိနစ် အချိန်တွင်ထွက်ခွာပြီး အမှတ် ၅၈ အစုန်ရထားသည် မြစ်ကြီးနားမှ ညနေ ၄ နာရီတွင်ထွက်ခွာပေးမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်လမ်းပိုင်းအနေဖြင့် မနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန်ရထားများသည် ခရီးသည်စီးနင်းမှု များပြားသည့်အတွက် ရန်ကုန်-အင်းစိန်ကြား၊ ရန်ကုန် - ပုရွက်ဆိတ်ကုန်းကြားနှင့် ရန်ကုန် - တိုးကြောင် ကလေးကြားတို့တွင် မနက်ပိုင်းနှင့် ညနေပိုင်းအချိန်များ၌ အစုန်အဆန်ရထားတစ်စီးစီ တိုးချဲ့ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုမှာ ရထားတွဲဆိုင်း(၈)ဆိုင်းအသုံးပြုနေပြီး စီးရေ (၄၀) နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ ဇွန် ၁၆ မှစ၍ ရထားတွဲဆိုင်း (၁၁)ဆိုင်း၊ ရထားစီးရေ (၅၂) စီးပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ရထားလက်မှတ်ခများမှာ စျေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာဘူတာများတွင် ကြေညာပေးသည်။                                    

          

အောင်အောင်






အခြားဆက်စပ်သတင်းများ