နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီအဆုံးအဖြတ်ဖြင့် နယ်သာလန်ကို အနိုင်ရပြီး အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ်တက်

ဒီဇင်ဘာ ၁၀

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် နယ်သာလန်အသင်းနှင့် အာဂျင်တီးနားအသင်းတို့ ဒီဇင်ဘာ ၁၀ ရက်အစောပိုင်းက Lusail Iconic ကွင်း၌ ယှဉ်ပြိုင်ကစား ရာ အာဂျင်တီးနားအသင်းက နယ်သာလန်အသင်းကို ၂ (၄)ဂိုး၊ ၂ (၃) ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့ ကြောင်း သိရသည်။

အာဂျင်တီးနားအသင်းသည် ၃၅ မိနစ်တွင် မိုလီနာ၊ ၇၃ မိနစ် တွင် မက်ဆီတို့၏ သွင်းဂိုးများ ဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သော် လည်း နောက်ပိုင်းပွဲချိန်များတွင် နယ်သာလန်အသင်း၏ တိုက် စစ်ဆင်ခြင်းကိုခံခဲ့ရကာ ၈၃ မိနစ်နှင့် ၁၀၁ မိနစ်တွင် လူစားဝင် ကစားသမား ဝက်ဂ်ဟော့စ်၏ သွင်းဂိုးများကို ခွင့်ပြုပေးခဲ့ရပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ထို့နောက် အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားရာ အာဂျင်တီးနား အသင်း အခွင့်အရေးများရရှိခဲ့ သော်လည်း နယ်သာလန်အသင်း ဂိုးသမားနော့ပ်ပက် လက်စွမ်းပြ ကာကွယ်နေခြင်းကြောင့် ဂိုး သွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံး ခဲ့ကာ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။

ပင်နယ်တီ အဆုံးအဖြတ်တွင် အာဂျင်တီးနားဂိုးသမား မာတီ နက်ဇ်က ၂ ဂိုးထိ ကာကွယ် ပေးနိုင်ခဲ့ပြီး အာဂျင်တီးနားက နယ်သာလန်ကို လေးဂိုး၊ သုံးဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ခရိုအေးရှားနှင့် ဘရာဇီးအသင်းတို့ ပွဲစဉ်တွင်လည်း ခရိုအေးရှားအသင်းက ဘရာဇီး အသင်းကို ပင်နယ်တီအဆုံး အဖြတ်ဖြင့်အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့သည်။

ဘရာဇီးအသင်းက ပွဲချိန် ၁၀၅ မိနစ်တွင် နေမာ၏သွင်းဂိုး ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၁၁၇ မိနစ်တွင် ပက်ကိုဗစ်ကခရို အေးရှားအသင်းအတွက် ချေပ ဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရ သည်။ ပင်နယ်တီတွင် ခရိုအေး ရှားက ဘရာဇီးအသင်းကို လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် အာဂျင်တီးနားနှင့် ခရိုအေးရှား အသင်းတို့ တွေ့ဆုံလျက်ရှိပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။     

သူရိန်






အခြားဆက်စပ်သတင်းများ