မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲမှု၊ စီးပွားရေးပြောင်းလဲမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့နေရပြီဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့ကျကျ အကောင် အထည်ဖော်ရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေး သည် အရေးကြီးသည်။
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကိုအကြောင်း ပြု၍ အင်အားကြီးနိုင်ငံနှင့် မကင်းရာမကင်းကြောင်းဖြစ်သည့် အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ စွက်ဖက်ဖိအားပေးမှုများ ရှိနေ သည်ကို တွေ့ရမည်ဖြစ်သည်။
ယနေ့ကာလတွင် ရပ်ရွာအေးချမ်းသာယာမှုနှင့် လူမှုဘဝ လုံခြုံရေးကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ မသမာသူအဖျက် သမားများ၏ အန္တရာယ်ကို သတိမူကာ နိုးကြားသော လုံခြုံရေး အသိ အမြဲရှိနေရန်လိုသည်။ မသမာသူ အဖျက်သမားဆိုသည် မှာ ပြည်သူများအကြားထဲတွင် ထိုးဖောက်ဝင်ရောက်ကာ မမြင် ကွယ်ရာမှ မသိမသာလှုပ်ရှားနေဆဲဖြစ်သည်။
ယနေ့ အခြေအနေတွင် မသမာသူတို့က ကောလာဟလများ ထုတ်လွှင့်ခြင်း၊ လုပ်ကြံဖန်တီးထားသည့် သတင်းအမှားများကို ဖြန့်ဖြူးခြင်းတို့ ပြုလုပ်လာကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ချောက်ချားမှုတို့ မြင့်တက်လာစေရေးနှင့် အစိုးရအပေါ် မုန်းတီးဆန့်ကျင်လာစေ ရေးဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံတွင် လူအများစု သုံးစွဲနေကြသည့် ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဖြူးနေကြ သော သတင်းတု၊ သတင်းမှားများ လွှမ်းမိုးနေမှုနှင့် ပြည်သူလူထု အနေဖြင့်လည်း ယင်းသတင်းအတုယောင်များကို စိစစ်မှု မပြု နိုင်ဘဲ လက်ခံနေမှုကို သတင်းအမှန်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းဖြင့် ချေဖျက်လျက်ရှိသည်။
ပြည်သူလူထုအနေဖြင့်မူ လူမှုကွန်ရက်သတင်းများကို သေချာ စွာ စိစစ်ပြီးမှ လက်ခံကြရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေ လုံခြုံရေး အသိ၊ လုံခြုံရေးမျက်စိရှင်သန်နေရန် လိုအပ်သည့် နိုးကြား တက်ကြွသော အသိရှိနေရပါမည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့သူများ အား ဖော်ထုတ်အရေးယူရာတွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန်နှင့် ပေါင်းစပ်ဆောင်ရွက် ခြင်းဖြင့် အဖျက်အမှောင့်များကို ကြိုတင်တားဆီးကာကွယ် ဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း။ ။