နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဗွီအသင်းက ဂက်ပို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ သတ်မှတ်

ဒီဇင်ဘာ ၉

ပီအက်စ်ဗွီအသင်းကတိုက် စစ်မှူး ဂက်ပိုအတွက် ပြောင်း ရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဂက်ပိုသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်း အရွှေ့ကာလက မန်ယူအသင်း သို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန် တွင်လည်း မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထပ်မံထွက်ပေါ်နေခြင်းဖြစ် သည်။

ဂက်ပိုသည် ယခုနှစ် ဘောလုံးရာသီတွင် ပီအက်စ်ဗွီ အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိပြီး ကိုးဂိုး သွင်းယူကာ ၁၂ ကြိမ် ဂိုး ဖန်တီးမှုပြုလုပ်ထားသကဲ့သို့ လက်ရှိ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း နယ်သာလန် အသင်းအတွက် သုံးဂိုးသွင်း ယူထားပြီး ခြေစွမ်းပြသလျက် ရှိသောကြောင့် မန်ယူအသင်း အပြင် အခြားဥရောပထိပ်သီး ကလပ်များကပါ ခေါ်ယူရန် စောင့်ကြည့်နေခြင်းဖြစ်သည်။

ပီအက်စ်ဗွီအသင်းက ပြီးခဲ့ သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလက ဂက်ကိုပို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ သတ်မှတ်ထားသော်လည်း ယခုတွင် ဂက်ပို၏ ခြေစွမ်း ပြသမှုကြောင့် ထိပ်တန်းအသင်း ကြီးများက စောင့်ကြည့်နေ သည့်အတွက် စတာလင်ပေါင် သန်း ၅၀ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။     

သူရိန်






အခြားဆက်စပ်သတင်းများ