ရန်ကုန် ဇွန် ၁၅
လူအသွားအလာထူထပ်သည့် ကျောက်တံတားမြို့နယ် မဟာဗန္ဓလပန်းခြံရှေ့နှင့် ယာဉ်ရပ်မှတ်တိုင် ဝန်းကျင်တို့တွင် ဇွန် ၁၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က မိုးရွာသွန်းမှုသည်းထန်သဖြင့် လမ်းပေါ်ရေတင်ကာ ရေဆင်းပေါက်များ၌ အမှိုက်များပိတ်ဆို့နေသဖြင့် ရေစီးဆင်းမှုကောင်းမွန်စေရေး မြို့နယ်ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုတာဝန်ခံနှင့်လုပ်သားများကဆောင်ရွက်ပေးခဲ့ကြပြီး အလားတူ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် စိန်ဂေဟာရှေ့တို့တွင်လည်း ခရီးသွားများအဆင်ပြေစေရေး ရေနုတ်မြောင်းအတွင်း ပိတ်ဆို့နေသည့်အမှိုက်များကို လူအင်အားဖြင့်ဆယ်ယူရှင်းလင်းပေးနေစဉ်။
မောင်မောင်