နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Hlaing Fever Clinic ပြောင်းရွှေ့ဖွင့်လှစ်မည်

ရန်ကုန်   ဇွန်   ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်(၅)ရပ်ကွက်၊ ခရေ(၄)လမ်း၊ အမက(၂၆)ကျောင်း တွင် ၂၀၂၀ ပြည့်နှစ် မေ ၁၃ ရက်က စတင်ဖွင့်လှစ်ခဲ့သော Hlaing Fever Clinic အား စာသင်ကျောင်းများ  ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက် နောက်ဆုံးထားပြောင်းရွေ့ပေးရ မည်ဖြစ်ပါသည်။၊


၂၀၂၀ ပြည့်နှစ် ဇွန် ၁၄ ရက်နေ့တွင်အပြီးပြောင်းရွေ့ပြီး လှိုင်မြို့နယ်(၆)ရပ်ကွက်၊ သုခလမ်း၊ အမှတ်(၁၂၁)၊ (မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်း)သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာတွင် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်၊ တနင်္လာနေ့မှစ၍ စတင်ဆေးကုသမှုပေးမည်ဖြစ်ပြီး တနင်္လာ၊       ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက်(၈ နာရီမှ ၁၁ နာရီ)အထိ အခမဲ့ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                                                  


  ကြည်ဇေသော် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ