ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဧပြီ၊ မေ၊ ဇွန်လ များအတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ အိမ်တိုင်ရာရောက်ပေးအပ်ခြင်းကို ဇွန် ၁၄ ရက် ညနေ ၃ နာရီက သက်ကြီးဘိုးဘွားတစ်ဦးချင်းအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွေးက လိုက်လံပေးအပ်စဉ်။
ဇာဖြူဝင်း(ပြန်/ဆက်)