နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအမွေထိန်းသိမ်း စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံအတွင်း သဘာဝက ဖန်တီးပေးထားသည့် ရေမြေနယ်နိမိတ်ကြန်အင်လက္ခဏာသွင်ပြင်ပုံပန်းဆိုင်ရာ လူနေမှုဓလေ့ထုံးစံ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အက ကိုးကွယ်သည့် ကဝသာအယူဝါဒနှင့် အရေးအသား အတွေးအခေါ်များရှိသည့်အတွက် မိမိတို့နှင့်ဆီလျော်သော ယဉ်ကျေးမှုများသည် တစ်သီးတခြားရပ်တည်လာခဲ့သည်မှာ ရှေးအစဉ်အဆက်ကပင်ဖြစ်သည်။ 

ထိုယဉ်ကျေးမှုဟူသည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီနိုင် ပါ။ ရာသီဥတုအခြေအနေ၊ ပထဝီအနေအထားအရ ပြောင်းလဲ တတ်သည့်သဘောရှိသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး တည်တံ့ရေးသည် ယဉ်ကျေးမှုဟူသောမဏ္ဍိုင်တွင် များစွာ မူတည်သည်။  ထိန်းသိမ်းသင့်သည့်ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းပြီး ပြောင်းလဲသင့်သည့်ယဉ်ကျေးမှုကို ပြောင်းလဲ ပစ်ရမည်။

ကျွန်ုပ်ကို မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက် ထူးခြားမွန်မြတ်သောရိုးရာယဉ်ကျေးမှုများစွာရှိသည်။ မြန်မာ တို့သည် ယဉ်ကျေးကြသည်။ သိမ်မွေ့ကြသည်။ ဘာသာတရား ကိုင်းရှိုင်းကြသည်။ သူတစ်ပါးအပေါ်တွင် စေတနာထားသည်။ ကူညီတတ်ကြသည်။ အားနာတတ်ကြသည်။ မြန်မာတို့သည် ငွေကြေးမချမ်းသာကြသော်လည်း မေတ္တာ၊ စေတနာချမ်းသာ ကြသည်။ 

ကမ္ဘာ့ရွာကြီးအတွင်း သတင်းအချက်နှင့် ဆက်သွယ်ရေး  နည်းပညာများအရ လျင်မြန်စွာပြောင်းလဲမှုတွင် မိမိတို့အမျိုး သားယဉ်ကျေးမှုနှင့် မဆီလျော်မအပ်စပ်သည့် ပြောင်းလဲခြင်း မျိုးမဖြစ်စေရန် အထူးသတိပြုကြရမည်ဖြစ်သည်။ အဖိုးထိုက် တန်သည့် အမွေအနှစ်ယဉ်ကျေးမှုကို မတိမ်ကော၊ မပျောက် ပျက်အောင် ထိန်းသိမ်းကြရမည်ဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နရမင်းနတ် အက၊ နတ်ကတော်အကနှင့် အပျိုတော်အကဖျော်ဖြေတင် ဆက်မှုဆိုင်ရာ သမားစဉ်များ စာတမ်းဖတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်က ပုဂံမြို့ယွန်းပညာကောလိပ်၌ ကျင်းပခဲ့ သည်။ 

စာတမ်းဖတ်ပွဲကိုအကြောင်းပြုပြီး ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ နရမင်းနတ်ချင်းများ၊ နတ်အကများ၊ တီးကွက်၊တီးလက် များနှင့် မြန်မာ့သဘင်ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ၊ နတ်ကတော် အက၊ အပျိုတော်အကများ၏ ကကြိုးကကွက်များ၊ တီးကွက် တီးလက်များကို  အထောက်အထား၊ မှတ်တမ်းများအဖြစ် ကျန်ရှိစေရန်၊ ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်းကို ဆောင်ရွက်နိုင်ရန်နှင့် မြန်မာ့သဘင်အစဉ်အလာသမားစဉ် များ၏အရေးပါမှုကို လေးစားတန်ဖိုးထား သိရှိစေနိုင်မည်ဖြစ် သည်။

သို့ဖြစ်ရာ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ များမပျောက်ပျက်စေရန် အရှည်တည်တံ့နိုင်ရန် သုတေသန စာတမ်းဖတ်ပွဲများက အထောက်အကူဖြစ်သည်ဟု ဆိုချင်ပါ ကြောင်း ။






အခြားဆက်စပ်သတင်းများ