နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MOHT COVID-19 Resilience Package(6) အဖြစ်ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း ဖွင့်လှစ်မည်

ရန်ကုန် ဇွန် ၁၅


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူး၍ MOHT COVID-19 Resilience Package(6) အဖြစ် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ)သင်တန်း ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။


ပြည်တွင်း၌COVID-19ကြောင့်ကျဆင်းနေသောဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအား ပြန်လည်မြှင့်တင် နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များ ပူးပေါင်းပြီးဒေသ ဆိုင်ရာဧည့်လမ်းညွှန်များအတွက် ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းများကို ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး  တိုးတက်ရေးဗဟိုဌာနနှင့်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) တို့တွင် အသီးသီးဖွင့်လှစ် ပို့ချရန်စီစဉ်ထားခြင်း ဖြစ်သည်။


အဆိုပါ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းတွင်National Skill Standard Authority(NSSA) မှ အတည်ပြုထားသောTour Guide – Level 3 သင်ရိုးညွှန်းတမ်း၊ National Tour Guide မှBasic Competency Unit၂ခု၊Industrial Competency Unit ၇ခုနှင့်Technical Competency Unit ၅ခုတို့အပေါ် အခြေခံကာ သင်ကြားပေးမည်ဖြစ်သည်။


သင်တန်းကာလမှာ၃လကြာမြင့်မည်ဖြစ်ပြီး ထိုသင်တန်းများကို COVID-19 ကန့်သတ်ထိန်းချုပ်မှုကာလ အလွန်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ သင်တန်းကြေးတစ်သိန်းငါးသောင်းကျပ်ကို COVID-19 Stimulus Package မှကျခံသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင်(National Tour Guide License) လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း တက်ရောက်လိုသူများအနေနှင့် သင်တန်းလျှောက် လွှာများကိုအင်တာနက်လင့်ခ် - https://bit.ly/3dYd9UY မှနေ၍ Download ဆွဲရယူနိုင်ကြောင်း သိရသည်။


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ