နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်း၌ စတုတ္ထတန်း(သင်ရိုးသစ်) Grade-4(Face to Face) သင်တန်းဖွင့်

မိုင်းယောင်း ဇွန် ၁၅


မြို့နယ်အဆင့် စတုတ္ထတန်း(သင်ရိုးသစ်) Grade-4(Face to Face) သင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၁၅ ရက်က ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် သင်တန်းအခန်း ၁၆ ခန်း အသုံးပြုပြီး တစ်ခန်းလျှင် သင်တန်းသား ၂၀ ဦး၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာဖြင့် သင်တန်းသား ၅၂ ဦး၊ သင်တန်းသူ ၂၄၃ ဦး စုစုပေါင်း သင်တန်းသား ၂၉၅ ဦး၊ သင်တန်းနည်းပြ ၃၂ ဦးဖြင့် ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘကကျောင်းများနှင့် ကိုယ့်အား ကိုယ့်ကိုးကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော မူလတန်းအဆင့်သင် ဆရာ/ဆရာမများအား မူလတန်းသင်ရိုးသစ်၏ ရည်ရွယ်ချက်များနှင့် သွင်ပြင်လက္ခဏာများကို နားလည်သဘောပေါက်စေရန်၊ သင်ကြားသင်ယူမှုဖြစ်စဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ