အောင်လံ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် သရက်တောကျေးရွာတွင် ကျေးရွာနေ ပြည်သူများ ၂၄နာရီလျှပ်စစ်မီးရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း ခွင့်ပြုရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ၄၀၀ဗို့အားလိုင်းလျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရစဉ်။
ငြိမ်းသူ (စလင်း)